ဧရာဝတီတိုင်းမ်
မတ်လ ၈ ရက်

မလေးရှား အပါအဝင် ဒေသတွင်းတိုင်းပြည်တွေကို အကျိုးသက်ရောက်စေတဲ့ မြန်မာ့အရေး ဖြေရှင်းရာ မှာ ပိုမို ထိရောက်တဲ့အစီအမံတွေ စဉ်းစာကြဖို့ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အကြံပြုလိုက်ပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံနိုင်ငံ့အကြီးအကဲတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြည်ပနိုင်ငံများရှိ မ လေးရှား သံတမန်မစ်ရှင် အကြီးအကဲ ၁၀၆ ဉီးနဲ့ တွေ့ဆုံရာမှာ အန်ဝါအီဘရာဟင်က ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်းကြောင့် တိုင်းပြည်မှ ဒုက္ခသည်များစွာထွက်ခွာမှု ဖြစ်စေခဲ့ပြီး မလေးရှား နိုင်ငံက လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည် ၂၀၀၀၀၀ ခန့်ကို လက်ခံထားရတယ်လို့ သူက ဆိုပါတယ်။

“အာဆီယံအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံရမှာဖြစ်ပေမယ့် မြန်မာနိုင်ငံကိုသာမက ကျွန်တော်တို့ ကိုလည်း သက်ရောက်စေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြေရှင်းနိုင်မယ့် ထိရောက်သောနည်းလမ်းတွေ စဉ်းစား ကြဖို့ ကျွန်တော် အကြံပြုလိုပါတယ်” လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။

အာဆီယံအိမ်နီးချင်းတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့ မြန်မာစစ်ကောင်စီရဲ့ ငြင်းဆန်မှုက ဒုက္ခသည်အရေးကို အခြေ အနေပိုဆိုးလာစေခဲ့တယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အာဆီယံအဖွဲ့က ပြီးခဲ့တဲ့ဆယ်စုနှစ်လေးခုအတွင်း အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှု ပြုလုပ် နေပြီး အခြားနိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ရမူဝါဒကြောင့် မြန်မာ့အရေးကို လျစ်လျူရှုဖို့ မရွေးချယ်နိုင်ဟု သူက ဆိုပါတယ်။

ပြီးခဲ့နှစ်ကုန်က ရွေးကောက်ပွဲမှာ အနိုင်ရရှိလာခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မြန်မာ့ အရေးနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုနေပါတယ်။

ကိုးကား – Bernama
Ref; PM Anwar strongly suggests ASEAN to think of effective ways to resolve Myanmar crisis