ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ မတ် ၇ ရက်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် ဆန်ဈေးအဆမတန်မြင့်တက်လာမှုကြောင့် ဒေသခံ ပြည်သူများအနေဖြင့် ဆန်ဝယ်ယူရန်အတွက် အခက်ကြုံနေရကြောင်း သိရသည်။

လက်ရှိ ကန်ပက်လက်မြို့တွင် ဆန်တစ်အိတ်လျှင် ၆၅,ဝဝဝ ကျပ် အထိစျေးနှုန်း မြင့်တက်နေ၍ စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံနေရခြင်းဖြစ်ကြောင်း ဒေသခံများ ထံက သိရသည်။

“အရင်ကတော့ ဆန်တစ်အိတ် လေးသောင်း ဝန်းကျင်ပဲ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ကနေစပြီး ဆန်ဈေးနှုန်းအဆမတန် မြင့်တက်လာတာပါ။ ကျွန်တော်တို့လို တစ်နေ့လုပ်မှ တစ်နေ့စားနေရသူတွေအတွက် အခက်အခဲတွေ ဖြစ်နေပါတယ်။ စားသောက်ကုန် အဆမတန် စျေးတက်နေတော့ တော်တော်ကို အခက်အခဲဖြစ်နေပါတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ကန်ပက်လက်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များက မြို့တွင်း ကားလမ်းမကြီးများကို ပိတ်ဆို့ပြီး လုံခြုံရေးတင်းကျပ်ကာ သေနတ်များဖြင့် ရမ်းသန်း ပစ်ခတ်လျှက်ရှိကြောင်းဒေသခံပြည်သူများထံက သိရသည်။

#ချင်းပြည်နယ် #ကန်ပက်လက်မြို့ #ဆန်စျေး #အဆမတန်မြင့်တက် #ဒေသခံများ #စားဝတ်နေရေးခက်ခဲ #Ayeyarwaddy_Times

See