ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်

လာမယ့်သီတင်းပတ်အတွင်း ပြုလုပ်ဖို့စီစဉ်ထားတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု မစတင်မီ မြောက်ကို ရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူက အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ကို သတိပေးလိုက်ပါ တယ်။

ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျောင်က ယနေ့ နိုင်ငံပိုင် KCNA သတင်းဌာနမှတစ်ဆင့် အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံကို သတိပေးတဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၁၃ ရက်မှာ ပမာဏကြီးမားသော ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်မယ့် အမေရိကန်နဲ့ တောင်ကိုရီး ယားစစ်တပ်တွေရဲ့ လှုပ်ရှားမှုတွေကို မြောက်ကိုရီးယားက အမြဲ စောင့်ကြည့်နေကြောင်း ကင်ယိုဂျောင်က ဆိုပါ တယ်။

ပစိဖိတ်ဒေသကို အမေရိကန် သို့မဟုတ် ဂျပန်နိုင်ငံက မပိုင်ဆိုင်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံရဲ့ မဟာ ဗျူဟာမြောက် လက်နက်များစမ်းသပ်မှုအား လက်တုံ့ပြန်တာကို စစ်ကြေညာမှုတစ်ခုအဖြစ် သတ်မှတ်မယ်လို့ ကင်ယိုဂျောင်က ဆိုပါတယ်။

တိုင်းပြည်ရဲ့ အဆုံးအဖြတ်အရ မြောက်ကိုရီးယားနိုင်ငံက ဘယ်အချိန်မဆို သင့်တော်သော၊ မြန်ဆန်သော အရေးယူမှု ပြုလုပ်သွားဖို့ အမြဲ အသင့်ရှိကြောင်း သူက ဆိုပါတယ်။

အမေရိကန်နိုင်ငံရဲ့ လုပ်ဆောင်ချက်တွေကို လက်တုံ့ပြန်ဖို့ မြောက်ကိုရီးယားက ပစိဖိတ်ဒေသကို သေ နတ်ပစ်ကွင်းအဖြစ် အသုံးပြုနိုင်တယ်လို့ ကင်ယိုဂျောင်က ပြီးခဲ့တဲ့လအတွင်း ထုတ်ပြန်ချက်တစ်ခုအတွင်း သတိ ပေးခဲ့ပါတယ်။

ကိုးကား – NHK
Ref; N.Korean leader Kim Jong Un’s sister warns US and S.Korea
…………………………
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…