ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်
ပင်လောင်းစစ်ဘေးရှောင်ပြည်သူ အယောက် ၅၀ ကျော် ၀မ်းပျက်၊ ၀မ်းလျှောနှင့် နှာစေးချောင်းဆိုး ရောဂါများ ဖြစ်ပွားနေကြောင်း KNDF ဆေးတပ်ဖွဲ့ထံမှ သိရှိရသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက KNDF, PDFs, LPDFs ပူး ပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA)ပြည်သူ့စစ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး ပြည်သူများစစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။
“ကျွန်တော်တို့က အခြားရွာတွေ နေရာတွေမှာ ဆွေ မျိုးလည်းမရှိ၊ အသိလည်းမရှိတော့ တောထဲ၊ တောင်ထဲမှာ ရှောင်နေရတာ။ ဂူကြီးတစ်ခုထဲမှာ။ ရာသီဥတုကလည်းအေးတော့ စားစရာတွေကလည်းမရှိနဲ့ တောထဲ ဖြစ်သလိုနေရတာပေါ့။ အခု ကျွန်တာ်တို့စစ်ရှောင်တွေ အယောက် ၅၀ ကျော်လောက်ရှိတယ်။ ဖျားတဲ့သူ ကဖျား၊ နှာစေးချောင်းဆိုးဖြစ်တဲ့သူတွေရော ၀မ်းပျက်၊ ၀မ်းလျှောတွေလည်းဖြစ်နေကြတာ။ အခုဂူထဲ ကလူတွေအကုန်လုံးပဲ။ တောထဲတွေ့ရာတွေ စားနေရ တော့ ဖြစ်ကြတာ။ အခြားစစ်ရှောင်တွေလည်းရှိတယ်။ သူတို့ကဘယ်မှာ ပုန်းနေလည်းတော့ မသိဘူး “ဟု စစ်ရှောင်အမျိုးသားတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
အဆိုပါ စစ်ရှောင်များမှာ သွားလာစရာ ကား၊ ဆိုင်ကယ်မရှိတာကြောင့် တောထဲက ဂူများတွင်နေထိုင် ၍ စစ်ဘေးရှောင်နေရခြင်းကြောင့် ယခုကဲ့သို့ဖြစ် ပွားနေရခြင်းဖြစ်ပြီး ၎င်းတို့ကို Mobey Rescue Team- MPRT နှင့် KNDF ဆေးတပ်ဖွဲ့များမှ ယမန် နေ့ မတ်လ ၆ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရှိရသည်။
Mobey Rescue Team မှ “လုံး၀မထင်မှတ်ထားတဲ့ ဂူ ထဲမှာနေပြီး စစ်ရှောင်နေကြရတာ။ အားလုံး ၅၀ ကျော်တယ်။ အကုန်လုံးလိုလိုဖြစ်နေကြတာပေါ့။ မနေ့က ဆေးထိုး၊ ဆေးသောက်ဖို့တွေ လုပ်ပေးခဲ့တယ်။ သက် သာလား မသက်လားဆိုတာကို စောင့်ကြည့်ရဦးမယ်။ သူတို့နေနေတာ တစ်ပတ်ကျော်ကြာပြီလို့ သိရတယ်” ဟု ဆိုသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့တွင် တဖြည်း ဖြည်း စစ်ရေးအရှိန်မြင့်တက်လာပြီး တိုက်ပွဲဖြစ်ပွား သည့် ဧရိယာလည်း ကျယ်လာသည့်အတွက် တစ်ရက် ထက်တစ်ရက် စစ်ဘေးရှောင်များ ပိုမိုများပြားလာကြောင်း သိရှိရသည်။
ပင်လောင်းတွင် ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့မှာ ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ ယနေ့ မတ်လ ၇ ရက်ထိ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်နှင့် PNA, PNO ပြည်သူ့စစ်တို့ အထိနာသေဆုံးလျက်ရှိပြီး PNO ပြည်သူ့စစ်အထူးကွန်မန်ဒိုတပ်ရင်းတစ်ခုလုံးပြုတ်သည့်အထိ အထိနာလျက်ရှိကြောင်း သိရှိရသည်။
#ပင်လောင်း #တိုက်ပွဲပြင်းထန် #စစ်ဘေးရှောင်များ #ကျန်းမာရေးဆိုးရွာ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။