နွေဦးမောင်/ဧရာဝတီတိုင်းမ်
(မုံရွာ)၊ မတ်လ ၇ ရက်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၆ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူ ၂ ဦးကိုသတ်ကာ ၅ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ရွှေပေကုန်းရွာနေ ကိုဉာဏ်ဝင်းနဲ့ ကံကုန်းကျေးရွာနေ ကိုဝင်းစိုးတို့ကို သတ်ဖြတ်ခဲ့သလို အောင်ချမ်းအေး ကျေးရွာက စစ်ရှောင်ပြည်သူ ၅ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံစစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။
“ စစ်ကြောင်းထိုးလာလို့ ရွာကလူတွေအကုန်လုံး ဘေးလွတ်မယ်ထင်တဲ့နေရာ ထွက်ပြေးရတာ၊ ဒီနေ့ မနက်မှသိရတာ ၂ ယောက်အသတ်ခံရတာ၊ စစ်ကြောင်းက တစ်ရွာပြီး တစ်ရွာ လိုက်မွှေနေတာ”လို့ အသက် ၄၅ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးပြီး ဖမ်းဆီးတာခံခဲ့ရတဲ့ သူ ၅ ဦးဟာ တရုတ်ဝမ်ပေါင်းကြေးနီ စီမံကိန်းလုပ်ဖို့ ဆည်တည်းရွာကိုဖျက်ပြီး အသစ်ပြန်ချပေးထားတဲ့ အောင်ချမ်းအေးရွာမှာ နေထိုင်တဲ့သူ တွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကြောင်းက မုံရွာမြို့အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို ဆက်တိုက်ဆိုသလို ဝင်ရောက်စီးနင်းမှုတွေ ပြုလုပ်နေတာကြောင့် ဒေသခံတွေကအနေနဲ့ စစ်ကြောင်းထိုးမယ့်သတင်းရတာနဲ့ ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ပြောပါတယ်။
#မုံရွာမြို့ #စစ်ကောင်စီတပ် #စစ်ကြောင်းထိုး #ပြည်သူနှစ်ဦးအသတ်ခံရ #ငါးဦးအဖမ်းခံရ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…