ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ ရိက္ခာထွက်ဝယ်သည့်
ပျူစောထီးများကို စစ်ကောင်စီတပ်ဖွဲ့၀င်များက ပြန်လိုက်ပို့စဉ် လက်နက်ကြီးဖြင့် မတ်လ ၅ ရက်နေ့က ပစ်ခတ်ခံခဲ့ရကြောင်းသိရှိရသည်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၁၁ ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိကာ မြိုင်ဆေးရုံမှာ ဆေးကုသနေရပြီးဆိုးရိမ်ရသည့် အခြေအနေရှိကြောင်း ဒေသခံများကပြောသည်။
၎င်း တိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြို့တက်စျေးဝယ်သည့် ပျူစောထီးများကို လိုက်ပို့စဥ် ကျောင်းကုန်းနှင့် ညောင်ပင်ရွာအထွက်အရောက်တွင် Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့ပစ်လိုက်တဲ့ Rocket အကြီးတစ်လုံးက စစ်အုပ်စုရှိတဲ့နေရာကို တည့်တည့်ကျတာ၊ အတွင်းကသတင်းလှမ်းပေးလို့သေချာသိရတာ။ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို မြိုင်ဆေးရုံကို ကားနဲ့စုတင်သွားပြီး ဆေးကုနေရတယ်လို့ အတိအကျသတင်းရတယ်။ အကုန်လုံးဆိုးရိမ်းရတဲ့အနေအထားရှိတယ်လို့လည်းထပ်သိရတယ်” လို့ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင် မတ်လ ၁ ရက်နေ့တွင် ကံနီရွာရှိ ပျူများအသုဘချနေစဉ် ဒေသကာကွယ်ရေးအဖွဲ့များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးသည်။
ထို တိုက်ခိုက်မှုကို ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့နှင့်အတူ မြိုင်(ပကဖ) တပ်ရင်း (၁)၊ ဦးလေးကြီးအဖွဲ့နှင့် နယ်ခံမဟာမိတ်အဖွဲ့များမှ ပူးပေါင်း၍ Rocket များဖြင့် အချက် ၂၀ ကျော်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြိုင်မှာ #စစ်ကောင်စီတပ်သား၁၁ဦး
#ဒဏ်ရာပြင်ထန်းပြီး #မြိုင်ဆေးရုံမှာ ဆေးကုသနေရ
#Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။