ဧရာဝတီတိုင်းမ်
မတ်လ ၇ ရက်
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့နယ်စီးပွားရေး တက္ကသိုလ်အတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အဖွဲ့ လေး ဖွဲ့မှ ၄၀-မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း Monywa PDF Defence Force Monywa အဖွဲ့ထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၅ ရက် ညနေ ၃ နာရီက မုံရွာတက္ကသိုလ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကို မုံရွာမြို့နယ် PDF အဖွဲ့များက ၄၀-မမ များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိသော်လည်း အတည်မပြုနိုင် သေးကြောင်း သိရသည်။
“၄၀-မမနဲ့ ပစ်တော့ ကိုယ့်ဘက်က ရဲဘော်တစ်ဦးက လက်နက်ကြီး ယမ်း Save မဖြစ်တာကြောင့် မတော်တဆနှာခေါင်းရိုးကျိုးသွားတယ်။ သူတို့(စစ်ကောင်စီတပ်) ဘက်က စက်ကလေးနဲ့ဆွဲတယ်။ သေနတ်နဲ့ပြန်ပစ်တယ်။ ကျွန်တော်တို့က ဒီစနစ်ကို မကြိုက်လို့ ရရာလက်နက်နဲ့တော်လှန်နေတာပါ။ အစစ်မဟုတ်လို့ Save မဖြစ်ပေမယ့် စစ်ကောင်စီကိုတော့ ရရာလက်နက်နဲ့တိုက်နေမှာပါပဲ” ဟု Monywa PDF Defence Force Monywa အဖွဲ့မှ ရဲဘော်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Monywa PDF Defence Force Monywa) ၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ Brother RevoIution Force Monywa ၊ Golden Eagle Force-V2.Monywa တို့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယမ်းမတော်တဆ ကြောင့် နှာခေါင်းရိုးကျိုးသည့် ရဲဘော်မှာ ဆေးကုသမှုခံယူနေကြောင်း သိရသည်။
#စစ်ကိုင်းတိုင်း #မုံရွာစီးပွားရေးတက္ကသိုလ် #စစ်ကောင်စီတပ် #၄၀မမ #ပစ်ခတ်တိုက်ခိုက် #PDF #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။