ဧရာဝတီတ်ိုင်းမ်
မတ်လ ၇ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုဒေသအတွင်း စစ်ကူသွားတဲ့ The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့မှ ရဲဘော်တစ်ဦးဟာ စစ်ကောင်စီတပ်ရဲ့ ချောင်းမြောင်းပစ်ခတ်ခံရမှုကြောင့် ယမန်နေ့ မတ်လ ၆ ရက်နေ့က ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ကျဆုံးခဲ့တဲ့ ရဲဘော် ကိုဇင်ဖြိုးလွင်မှာ မနေ့က နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီရဲ့ချောင်းမြောင်းပစ်ခတ်ခြင်းက်ို ခံခဲ့ရတာဖြစ်ပြီး နေ့လည် ၂ နာရီမှာဘဲ ကျဆုံးသွားခဲ့တယ် လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ကျောက်ထုဘက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အချိန် အင်အားလိုနေလို့ စစ်ကူသွားတဲ့အချိန်မှာ စစ်တပ်က ကင်းပုန်းနဲတွေ့ပြီး ချောင်းပစ်တာခံလိုက်ရတာ ” လို့ ဂန့်ဂေါခရိုင် အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu) တပ်ဖွဲ့က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

ကျဆုံးခဲ့တဲ့ ရဲဘော် ကိုဇင်ဖြိုးလွင်ဟာ Saw&Kyaukhtu တပ်ဖွဲ့မှာ ပထမဦးဆုံး ကျဆုံးခဲ့တဲ့ရဲဘော်ဖြစ်ပြီး မနေ့က ညနေ ၆ နာရီဝန်းကျင်မှာ ၎င်းရဲ့ရုပ်အလောင်းကို သင်္ဂြိုဟ်လိုက်တယ် လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

ဒါ့ပြင် လက်ရှိမှာ ဆော-ကျောက်ထု အနီးတစ်ဝိုက်မှာ စစ်ကောင်စီက စစ်ရေးလှုပ်ရှားမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆက်လက်ပြောပါတယ်။

#Ayeyarwaddy_Times