ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်
နေပြည်တော်နှင့်နီးစပ်လျက်ရှိသည့် ပင်လောင်းမြို့ နယ်၊ တောင်မဲသင်းတိုက်ပွဲတွင် စနိုက်ဘာတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုပ်ပွဲဖြစ်ပွားလျက်ရှိပြီး ကျည်နှစ်တောင့်ထဲဖြင့် စစ်ကောင်စီအဖွဲ့၀င် ၂ ဦးကို
မတ်လ ၅ ရက်နေ့တွင်ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း PDF-Tatkon Battalion 803 ထံမှ သိရှိရသည်။
ပင်လောင်း၊ တောင်မဲသင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၀င်များနှင့် စစ်ကောင်စီနှင့်အတူ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်များ တိုက်ပွဲပြင်း ထန်လျက်ရှိပြီး စစ်ကောင်စီနှင့်အတူ ပအိုဝ်းပြည်သူ့ စစ်တို့ဘက်မှ အထိနာသေဆုံးလျက်ရှိကြောင်း သိရှိရ သည်။
“ဒါ ပထမဆုံးတိုက်ပွဲဖြစ်ပြီး ပထမဆုံးအတွေ့အကြုံပါ။ မဟာမိတ်စစ်ကြောင်းမှူးတွေက ချီးကျူးကြတော့ ၀မ်းသာရတယ်။ ဒါတောင် 308 စနိုက်ဘာပဲရှိသေး တာပါ။ ကျည်တစ်ထောင့်ထဲနဲ့တစ်ယောက်ကို တစ်ချက်ပစ်နိုင်တာက ဂုဏ်ယူစရာမှတ်တမ်းတစ်ခုပါ”ဟု PDF -Tatkon Battalion 803 တာ၀န်ခံမှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယခု စနိုက်ဘာလက်နက်များသည် ပြည်သူများ၏ ထောက်ပံ့မှုဖြင့်၀ယ်ယူထားတာဖြစ်ကြောင်းနှင့် စနိုက်ဘာတပ်ပေါင်းစုမှ ကျည်နှစ်တောင့်ထဲဖြင့် စစ်ကောင် စီတပ်ဖွဲ့ ၀င် ၂ ဦးကိုပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါတိုက်ပွဲတွင် PDF -Tatkon Battalion 803 နှင့် KNDF ဗျူဟာ ၅ တို့မှ ပူးပေါင်းထားသည့် စနိုက်ဘာ တပ်စုမှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် ပင်လောင်းမြို့နယ်ထဲ ဖြစ်ပွားနေ သည့် တိုက်ပွဲတွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့မှာ အထိနာလျက်ရှိပြီး PNO ၏အထူးကွန်မန်ဒိုတပ်ရင်းတစ်ခုလုံး ပြုတ်သွားသည်အထိ ဖြစ်ပွားခဲ့ ကြောင်း သိရှိရသည်။
ထိုသို့အထိနာမှုကြောင့် စစ်ကောင်စီနှင့် PNO ပြည်သူ့ စစ်ပူးပေါင်းအဖွဲ့သည် ယမန်နေ့က တောင်ကြီးမြို့ရှိ ရွှေဘုန်းပွင့်ဘုရားတွင် ကန်တော့ပွဲတင်၍ ယတြာချေမှုများ ပြုလုပ်ခဲ့ကြကြောင်း နေပြည်တော်ရှိတပ်နှင့်နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။
အလားတူ ယင်းပင်လောင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ပြည်သူ့စစ် PNO စစ်သားများ၏အလောင်းကို ယင်းမိ ခင်အဖွဲ့အစည်း PNO တပ်မှ မိသားစုကိုပြန်၍မပေးသောကြောင့် ဆွမ်းကပ်ခွင့်နှင့် နာရေးလုပ်ခွင့်မပေးဘဲ ကျဆုံးရဲဘော်များကို ထုတ်ပြန်ခြင်းပင်မရှိကြောင်း သိရှိရသည်။
#ပင်လောင်းတိုက်ပွဲ #စနိုက်ပါ #စစ်ကောင်စီတပ်သား #နှစ်ဦးသေဆုံး #Ayeyarwaddy_Times