ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၆ ရက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်လမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကား တစ်စီးတိမ်းမှောက်ကာ တစ်စီး မီးလောင် ပျက်စီးခဲ့ပြီး စစ်သား ၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ မနက် ၇ နာရီ ၁၀ မိနစ်ခန့်က မြိတ်-ထားဝယ်လမ်းမပေါ်က ပိတိုင်တောင်ကွေ့အနီးမှာ စစ်ကောင်စီကား ၂၄ စီးပါတဲ့ စစ်ယာဉ်တန်းကို မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမင်း စစ်ဆင်ရေးမှ တာဝန်ရှိသူက ဆိုပါတယ်။

“ကျွန်တော်တို့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီယာဥ်တန်းကို နေရာနှစ်ခုမှာ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲကတော့ ၁၀ မိနစ်လောက်ဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးခဲ့တယ်” လို့ ဒေါင်းမင်းစစ်ဆင်ရေးမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးခဲ့ပြီး ငါး ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီအပြင် စစ်ကောင်စီ ကားတစ်စီး မီးလောင်ပျက်စီးသွားပြီး နောက်ထပ်တစ်စီးက တိမ်းမှောက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ဒေါင်းမင်းစစ်ဆင်ရေး(TYC-PDF) ရဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ နဲ့သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့(TYC-PDGF) တို့ပူးပေါင်းတိုက်ခိုက် ခဲ့တာဖြစ်ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။

#တနင်္သာရီတိုင်း #မြိတ်-ထားဝယ်လမ်း #စစ်ကောင်စီယာဉ်တန်း #မိုင်းဆွဲတိုက်ခိုက် #၂၂ဦးသေ #Ayeyarwaddy_Times
……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…