ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်

တောင်ကိုရီးယားနဲ့ အမေရိကန်နိုင်ငံတို့က နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော မဟာဗျူဟာ မြောက် B-52H ဗုံးကြဲလေယာဉ်တစ်စင်းပါဝင်သော ပူးတွဲလေတပ်ဆိုင်ရာ လေ့ကျင့်မှုတစ်ခုကို စတင်လိုက်တယ် လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ မတ်လ ၁၃ ရက်မှ ၂၃ ရက်အထိပြုလုပ်မယ့် “Freedom Shield” စစ်ရေးလေ့ကျင့်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက ရန်စမှုတွေ ပြုလုပ်နေတာကြောင့် ဗုံးကြဲလေ ယာဉ်တွေ ဖြန့်ကြက်တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း အမေရိကန်နိုင်ငံက ကိုရီးယားကျွန်းဆွယ်သို့ B-52H ဗုံးကြဲလေယာဉ် တေ္ ဖြန့်ကြက်ခဲ့ပါသေးတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်က ယနေ့ ဆိုးလ်မြို့တော်ရဲ့တောင်ဘက် ၆၅၅ ကီလိုမီတာအကွာ ပြောင် တက်ခ်မြို့ရှိ အိုဆန်လေတပ်အခြေစိုက်စခန်းမှာ Buddy Wing လေတပ်ဆိုင်ရာလေ့ကျင့်မှုကို စတင်လိုက်ပါတယ်။

မတ်လ ၁၁ ရက်အထိပြုလုပ်မယ့် အဆိုပါ လေတပ်ဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားလေ တပ်မှ F-15K ဂျက်တိုက်လေယာဉ်တွေနဲ့ အမေရိကန်လေတပ်မှ A-10 တိုက်လေယာဉ်တွေ အပါအဝင် စစ်လေ ယာဉ်ဆယ်စင်း ပါဝင်ပါတယ်။

ကိုးကား – Yonhap
Ref; S. Korea, U.S. hold joint air drills involving U.S. B-52H bomber
……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…