ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်
ယူကရိန်းနဲ့မြန်မာနိုင်ငံရဲ့ အခြေအနေတွေက စိုးရိမ်ဖွယ်ရာဖြစ်လာတာကြောင့် ကမ္ဘာ့ငြိမ်းချမ်းရေးရရှိရေး အဖြေရှာဖို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ပရတ်ခ်ဆိုခွန်က တောင်းဆိုလိုက်ပါတယ်။
မကြာသေးမီက အွန်လိုင်းမှတစ်ဆင့်ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၂ ကြိမ်မြောက် အစည်းအဝေးမှာ မိန့်ခွန်းပြောကြားရာမှာ ပရတ်ခ်ဆိုခွန်က ထည့်သွင်းပြောကြားခဲ့တာပါ။
အငြင်းပွားမှုတွေကို အင်အားအသုံးဘဲ ငြိမ်းချမ်းစွာ ဖြေရှင်းတာ၊ အခြားနိုင်ငံရဲ့ပြည်တွင်းရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ အချုပ်အချာအာဏာကို မစွက်ဖက်ရေးဆိုတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် အန်တိုနီယိုဂူတာရက်စ်ရဲ့ တောင်းဆိုချက်ကို ကမ္ဘောဒီးယားနိုင်ငံက အပြည့်အဝ ထောက်ခံကြောင်း သူက ဆိုပါတယ်။
မြန်မာ့အရေးက စိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်ပြီး ပြဿနာအရင်းခံနဲ့ ဖြစ်ပွားရတဲ့အကြောင်းရင်းက ရှုပ် ထွေးတယ်ဆိုတာကို ပရတ်ခ်ဆိုခွန်က ဝန်ခံခဲ့ပါတယ်။
၂၀၂၂ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဌသက်တမ်းအတွင်း မြန်မာပြည်သူတွေရဲ့ဒုက္ခတွေ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးရရှိဖို့က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ရည်မှန်းချက်ဖြစ်ခဲ့တယ်လို့ သူက ဆို ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ခ်ဆိုခွန်တို့က ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌသက်တမ်းအတွင်း မြန်မာနိုင်ငံသို့သွားရောက်ကာ နိုင်ငံရေးကစဉ့်ကလျားအခြေအနေ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် ထူးခြားသောတိုးတက်မှုတော့ မရရှိခဲ့ပါဘူး။
ကိုးကား – The Phnom Penh Post
Ref; Top diplomat renews call for push towards ‘world peace’