ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ်သတ်ခံရပြီးတဲ့နောက် အစိုးရအဖွဲ့ဝင်တွေနဲ့ အခြား နိုင် ငံရေးသမားတွေအတွက် လုံခြုံရေး တင်းကျပ်ပေးဖို့ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုက ညွှန်ကြားလိုက်ပါတယ်။
ကီရှီဒါက တိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး တုံ့ပြန်ဖို့ မနေ့က နေ့လည်ပိုင်းက ပြည်သူ့လုံခြုံရေးကော်မ ရှင် ဥက္ကဌ နီနိုယူဆာတိုရှီ၊ တရားရေးဝန်ကြီး ဖူယူကာဝါယိုရှီဟီဆာ၊ အခြားပုဂ္ဂိုလ်တွေနဲ့ မိနစ် ၂၀ ခန့် ဆွေးနွေးခဲ့ ပါတယ်။
အကြမ်းဖက်မှုနဲ့ အကြမ်းဖက်မှုဝါဒကို ဘယ်တော့မှ အလျော့မပေးဖို့ ဝန်ကြီးချုပ် ကီရှီဒါဖူမီယိုက တာဝန် ရှိသူတွေကို ပြောကြားခဲ့ပါတယ်။
အစိုးရအဖွဲ့ဝင်တွေနဲ့ ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီရဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်လို့ ဇူလိုင်လ ၁၀ ရက်မှာ ပြုလုပ်မယ့် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်သူတွေရဲ့ လုံခြုံရေးကို တင်းကျပ်ပေးဖို့ ၄င်းက တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးယန္တယားမှာ နှောင့်နှေးမှုတွေမဖြစ်စေဖို့ အစိုးရနယ်ပယ်အားလုံး ကိုလည်း ၄င်းက ညွှန်ကြားခဲ့ပါတယ်။
အစိုးရအဖွဲ့ဝင်တွေနဲ့ ထိပ်တန်း နိုင်ငံရေးသမားတွေအတွက် အသေးစိတ် လုံခြုံရေးဆောင်ရွက်ပေးဖို့ ပြည်သူ့လုံခြုံရေးကော်မရှင် ဥက္ကဌ နီနိုယူဆာတိုရှီက ရဲတပ်ဖွဲ့အကြီးအကဲ နာကာမူယာအိုင်တာရူကို ညွှန်ကြားခဲ့ပါ တယ်။
ကိုးကား – NHK
Ref; Japan PM Kishida orders tightened security for top politicians