ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်

ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် TRIPLE-R ပူးပေါင်းတပ်ဖွဲ့တို့ ၆ ရက်ကြာတိုက်ပိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း TRIPLE-R တပ်ဖွဲ့ထံကသိရပါတယ်။

“ဒီတိုက်ပွဲဟာ ဇူလိုင်လ ၂ ရက်နေ့စတင်ပြီး ဇူလိုင်လ ၇ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ပီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်သလို ကျားသစ်နက်တပ်ဖွဲ့ဝင်ဘက်ကလည်း ၃ ဦးကျဆုံးခဲ့တယ်” လို့ TRIPLE-R တပ်ခွဲ ၃ က တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

“တိုက်ပွဲတွင် Guerilla Ranger ပုလဲပြည်သူ့ကာကွယ်ရေး တပ်ရင်း (6) တပ်ခွဲ(3)TRIPLE-Rတပ်ခွဲပုလဲတပ်ရင်း ၄ ကျားသစ်နက်၊ ပုလဲတပ်ရင်း ၅ ဒေါင်းနက်ကာကွယ်ရေးတပ်၊မြိုင် အခြေစိုက် MVRF. M.H.G တပ်ရင်း၊ G.O.M. 3in1. မြန်မာဒေါင်းအဖွဲ့၊ မြိုင််ယက်ခအဖွဲ့ ဒေသခံ LPDF များနှင့်ပူးပေါင်းတိုက်ခိုက်ခဲ့တာ” လို့ TRIPLE-Rတပ်ဖွဲ့ဝင်များကပြောပါတယ်။

ရုပ်သံ-TRIPLE-R တပ်ဖွဲ့