
ငပုတောမြိုနယ်တွင် ခေါင်းဖြတ်၍အစွယ်ထုတ်ယူခံထားရသည့် တောဆင်ရိုင်းအသေတစ်ကောင် ထပ်မံတွေ့ရှိ
ဧရာဝတီတိုင်းမ်
မတ်လ ၅ ရက်
ဧရာဝတီတိုင်း၊ ငပုတောမြိုနယ်အတွင်းတွင် ခေါင်းဖြတ်၍အစွယ်ထုတ်ယူခံထားရသည့် တောဆင်ရိုင်းအသေတစ်ကောင် ထပ်မံတွေ့ရှိခဲ့ကြောင်း သစ်တောဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

ငပုတောမြိုနယ်၊ ဆင်မကြိုးဝိုင်းအတွင်း အကွက်အမှတ် (၉၂) ဒေသခေါ် ကျောက်နီချောင်းအနီးတွင် ခေါင်း၊ ဘယ်ခြေ၊ လက် ၂ ချောင်းပြတ်၍ တစ်ကိုယ်လုံးအရေခွံခွာခံထားရပြီး သေဆုံးလျှက်ရှိသည့် ဆင်သေတစ်ကောင်အား တွေ့ရှိခဲ့ရကြောင်း ငပုတောမြိုနယ်တွင် တစ်လအတွင်း တောဆင်ရိုင်း ၂ ကောင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနနှင့် နီးစပ်သူများက ပြောသည်။
“တောဆင်ရိုင်းက သေနတာကို မနေ့က တွေ့တာ။ သေတာတော့ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက သေတယ်လို ယူဆရတယ်။ ဆင်သတ်မုဆိုးတွေက အစွယ်ရော၊ အသားရော၊ အရေပြားတွေရော အချိန်ယူ ဖြတ်တောက်ပြီး ခွာယူသွားကြတာ။ အစွယ်ဆိုရင် ဆင်ရဲ့ခေါင်းကို ဖြတ်ပြီးတော့ကို အစွယ်ကို နှုတ်ယူသွားတာ။ ဆင်သတ်မုဆိုးတွေက တောထဲရောက်နေတာ ကြာပြီ။ အချိန်ယူပြီးတော့ကို လှုပ်ရှားနေတာ။ သူတိုကို ဖိဖိစီးစီး မဖမ်းနိုင်သရွေ့တော့ ဆင်တွေက အသတ်ခံနေရဦးမှာပါပဲ”ဟု ပုသိမ်ခရိုင် သစ်တောဌာနနှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

သေဆုံးနေသည့် ဆင်မှာ အထီးဖြစ်ပြီး အသက် ၃၉ နှစ်ခန့်၊ အနက်ရောင်ရှိပြီး အလျှား ၆ ပေ ၁၀လက်မ၊ အမြင့် ၇ ပေခွဲ၊ အမြီး ၃ ပေရှိ စွယ်စုံအမျိုးအစား ဆင်တစ်ကောင်ဖြစ်ကြောင်း လွန်ခဲ့သော (၃) ရက်ခန့်က အသတ်ခံရခြင်းဖြစ်သည်ဟု သစ်တောဦးစီးဌာနမှ ဝန်ထမ်းများမှ ခန့်မှန်းပြောဆိုထားပြီး ၎င်း၏ အစွယ်မှာလည်း ပျောက်ဆုံးလျှက်ရှိကြောင်း သစ်တောဦးစီးဌာနနှင့် နီးစပ်သူများက ဆိုသည်။
အဆိုပါဆင်အား သတ်ဖြတ်ခဲ့သည့် တရားခံအား စုံစမ်းရှာဖွေနေဆဲဖြစ်ပြီး ငပုတောမြိုနယ်ရဲတပ်ဖွဲထံတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ပုသိမ်ခရိုင်တွင် ၁ နှစ်အတွင်း ၈ ကောင်မြောက် သေဆုံးသောဆင်ရိုင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ တောဆင်ရိုင်း ၄ ကောင်မှာ ဆင်သတ်မုဆိုးများလက်ချက်ဖြင့် သေဆုံးခဲ့ပြီး ဝမ်းဖောခြင်းနှင့် နှုးကျွံခြင်းတိုကြောင့် တောဆင်ရိုင်း ၂ ကောင် သေဆုံးခဲ့ကြောင်း ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ဧရာ၀တီတီုင်းရှိ ပုသိမ်၊ ငပုတော၊ သာပေါင်းနှင့် ရေကြည်မြိုနယ်တိုရှိ တောတောင်များအတွင်း၌ တောဆင်ရိုင်းများ ကျင်လည်ကျက်စားလေ့ရှိသည်။ အဆိုပါတောဆင်ရိုင်းများကို မကွေးတိုင်းမှ ဆင်သတ် မုဆိုးများက လာရောက်၍ သေနတ်များ၊ အဆိပ်လူးမြှားဖြင့် ပစ်ခတ်၍ အမဲလိုက်သတ်ဖြတ်ကာ ဆင်အရေပြား၊ နှာမောင်း၊ အစွယ်၊ အမြှီးစသည်တိုကို လှီးဖြတ်ယူဆောင်လေ့ရှိသည်။

ဆင်သတ်မုဆိုးများမှာ တောဆင်ရိုင်းများကို သတ်ဖြတ်ပြီးနောက် ရရှိလာသည့် အရေပြား၊ အစွယ်၊ နှာမောင်းနှင့် အမြှီးများကို တောရိုင်းတိရိစ္ဆာန် ကုန်ကူးသူများထံ ရောင်းချကြသည်။ အဆိုပါ ကုန်ကူးသူများက မန္တလေး – မူဆယ်လမ်းကြောင်းမှတဆင့် တရုတ်ပြည်သို တင်ပိုရောင်းချကြပြီး ဆင်မှရရှိသည့်ပစ္စည်းများကို တရုတ်ပြည်၌ တရုတ်တိုင်းရင်းဆေးဖော်စပ်ရာတွင် အသုံးပြုကြောင်း တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
#ငပတော #ခေါင်းဖြတ် #အစယ် #တောဆင်ရိုင်း #အသေ
#Ayeyarwaddy_Times