ဧရာဝတီတိုင်းမ်
မတ်လ ၅ ရက်

ဧရာဝတီတိုင်း၊ ကြံခင်းမြို့မှာ ဒီကနေ့ မတ်လ ၅ ရက်နေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလှုပ်ရှားမှုကို ကြံခင်းမြိုနယ်ကစကြ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီက “ကမ္ဘာမကြေဘူး ငါတို့အလှည့်ရှိသေးတယ်”စာသားကို ကိုင်ဆောင်ကာ ကြံခင်းမြို့နယ်တစ်နေရာမှာ ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

“ကျွန်တော်တို့ စကြဝတေးမင်းကြီး သပိတ်အဖွဲ့က ဧရာဝတီပြည်သူတွေကိုယ်စား ဆန္ဒထုတ်ဖော်နေတဲ့အဖွဲ့ပါ။ နောက်ထပ်လည်း သပိတ်တွေ ထပ်လုပ်သွားဖို့ရှိပါတယ်”လို့ စကြဝတေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီ၀င်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲတဲ့ ဖေဖော်ဝါရီလ၂၄ ရက်နေ့က ကြံခင်းမြို့ပုသိမ်-မုံရွာကားလမ်းမကြီးဘေး ကံဆယ်ရွာနှင့် ရှောက်ခုံရွာကြားတွင် စင်္ကြာဝတေးမင်းကြီးသပိတ်အဖွဲ့က ပြုလုပ်ထားသည့် ငါတို့ချစ်တဲ့ဧရာဝတီ နိုးထကြ ပုန်ကန်ကြ တော်လှန်ကြ”စာတန်းချိတ်ဆွဲခဲ့ပြီး လာရောက်ဖြုတ်ယူတဲ့ စရဖတပ်သား ကျော်ဇင်၀င်းဆိုသူ ရပ်ထားတဲ့ ကုန်တင်ယာဥ်ကို၀င်တိုက်ပြီးသေဆုံးခဲ့ပါတယ်။

စကြာ၀တေးမင်းကြီးသပိတ်ဦးဆောင်ကော်မတီဟာ ကြံခင်းမြို့နယ်အတွင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကနေ စတင်ပြီး ဒီကနေ့ မတ်လ၅ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုတွေကို​(၁၁)ကြိမ် ဆက်တိုက် ပြုလုပ်ထားပြီးဖြစ်ပါတယ်။ #Ayeyarwaddy_Times
……………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…