ဧရာဝတီတိုင်းမ်
မတ်လ ၆ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ် ပွားခဲ့ရာ ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

ကော့ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုကြောင့် တဲ အိမ် ၂၀၀၀ ခန့် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။
အိမ်နီးချင်းမြန်မာနိုင်ငံရှိ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးခဲ့သူအများစု ပါဝင်တဲ့ လူဉီးရေ ၁၂၀၀၀ ခန့် မီးလောင်ကျွမ်းမှုကြောင့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်းကို မသိရသေးသလို ထိခိုက်သေဆုံးသူမရှိဘူးလို့ သိရပါတယ်။

“တဲအိမ် ၂၀၀၀ ခန့် မီးလောင်ပြာကျခဲ့တာကြောင့် မြန်မာနိုင်ငံမှ ဒုက္ခသည် ၁၂၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ ရပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်မင်းကြီး မီဂျန်နာရာမန်က ပြောပါတယ်။

မီးတောက်ကို သုံးနာရီအတွင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် ဝတ်ပြုဗလီကျောင်း ၃၅ ခုနဲ့ သင်ကြားရေးစင်တာ ၂၁ ခု မီးလောင်သွားခဲ့တယ်လို့ သူက ဆိုပါတယ်။
မီးလောင်မှုကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ထိခိုက်ပျက်စီးမှု များခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းမှ ဟာရီချန်ဒန်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလနှင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း မီးရှို့မှု ၆၀ အပါအဝင် ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ မီးလောင်ကျွမ်းမှု ၂၂၂ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါ တယ်။

၂၀၂၁ ခုနှစ် မတ်လအတွင်းက ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုမှာ မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၁၅ ဉီး သေဆုံးခဲ့ပြီး ၅၀၀၀၀ ခန့် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုနေထိုင်ရာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရိုဟင်ဂျာလူနည်းစုအပေါ် အကြမ်းဖက်ဖြို ခွင်းမှုကြောင့် သန်းနဲ့ချီတဲ့ အိုးအိမ်စွန့်ခွာသူတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။

ကိုးကား – BBC
Ref; Bangladesh fire: Thousands shelterless after blaze at Rohingya camp
……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…