ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊မတ်လ ၆ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေး-ထားဝယ်ကားလမ်းပေါ်မှာ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့က ဆောက်လုပ်ရေးဝန်ထမ်းများ လိုက်ပါလာတဲ့ ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး ကားပေါ်ပါလာတဲ့ အမျိုးသားလေးဦးနဲ့အမျိုးသမီးတစ်ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတေဆီက သိရပါတယ်။
ပစ်ခတ်ခံရတဲ့ကားဟာ မနေ့က ညနေ ၆နာရီခွဲဝန်းကျင်လောက်မှာ ရေဖြူမြို့နယ်ကနေ ကလိန်အောင်မြို့ကိုမောင်းနှင်လာချိန် မိုင် ၄၀ ရွာအနီး ကျောက်ရှပ်ရွာအနားမှာ ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
“စစ်ကောင်စီတပ်က သူတို့က အဲနားမှာကင်းပုန်းဝပ်နေကြတယ်။ ကားနားခိုင်းတာ ကားမောင်းသမားကမနားပေးလို့ပစ်တာပေါ့၊၊ ပစ်ခတ်ခံရတာကလည်း စစ်ကောင်စီလက်အောက်ခံဆောက်လုပ်ရေးက ဝန်ထမ်းတွေပဲ။ ရေဖြူမြို့မှာ ဘောလုံးသွားကန်ကြတယ်။ ဘော်လုံးကန်ပြီးအပြန် မိုင် ၄၀ အနီးမှာပစ်ခတ်ခံရ ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ကလိန်အောင်မြို့ဆေးရုံသို့ ညတွင်းချင်းပို့ဆောင်လိုက်ရတယ်”လို့ ကလိန်အောင်မြို့မှ အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုမ်းကို ပြောပါတယ်။
ဒဏ်ရာရသူ ၅ ဦးဟာ မရမ်းချောင်းကျေးရွာက ၂ ဦး၊ ကလိန်အောင်မြို့က ၁ ဦးနဲ့ ကျောက်ရှပ်ကျေးရွာက ၂ ဦးတို့ဖြစ်ကြပြီး လက်ရှိအချိန်တွင် ကလိန်အောင်မြို့ဆေးရုံ၌ ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်စဥ်မှာ ယာဥ်မောင်းဖြစ်သူဟာ ပေါင်ကိုထိမှန်ပြီး ကျန်တဲ့သူတွေကတော့ လည်ပင်း၊ နားရွက်နဲ့ လက်တွေမှ ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်
ပြီးခဲတဲ့လ ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း နှမ်းကျဲကျေးရွာ မိုင် ၃၀ အနီး မှာ ယားဖူးကျေးရွာက ဘုန်းကြီးကားကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်က ကားမှားပြီးပစ်ခတ်မိလို့ သံဃာတစ်ပါး ပျံလွန်တော်မူကာ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ရေဖြူ #ဆောက်လုပ်ရေးဝန်ထမ်း #စစ်ကောင်စီတပ် #ပစ်ခတ် #၅ဦး #ဒဏ်ရာရ
#Ayeyarwaddy_Times
……………………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။