ဧရာ၀တီတိုင်းမ်
မတ်လ ၆ ရက်

မကွေးတိုင်း၊ မြိုင်မြို့ကို ရိက္ခာသယ်လာသည့် စစ်ကောင်စီနှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ဒေသတော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ခြောက် ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့၀င်များထံက သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြီးခဲ့သည့် မတ်လ ၄ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းနှင့် ရိက္ခာအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မတ်လ ၆ ရက်နေ့ ရက်နေ့ ရက်စွဲဖြင့် ပခုက္ကူခရိုင်အမှတ်(၆ )တပ်ရင်းက ထုတ်ပြန်သည်။

“နှစ်ဖက်ညှပ်အနေအထားကနေ ရအောင်တိုက်ခိုက်ခဲ့မို့ အန္တရာယ် တော့များတယ်။ ဒါပေမဲ့ ဖြစ်အောင်လုပ်ခဲ့တယ်”ဟု တိုက်ပွဲတွင် ပါ၀င်ခဲ့သည့် ရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲများနှင့်ပတ်သက်၍ ဒေသတော်လှန်ရေးတပ်ဖွဲ့များသည် တော်လှန်ရေးအနေ အထားကြာမြင့်လာချိန်တွင် တပ်ဖွဲ့အချင်းချင်းပူးပေါင်းလုပ်ဆောင်နိုင်မှု ပိုမိုကောင်းမွန် လာပြီး ယခင်ကထက် ပိုမိုစည်းစနစ်ကျစွာ တိုက်ပွဲများကို ဖော်ဆောင်လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြာဖြတ်တိုက်ခိုက်မှုကို ပခုက္ကူခရိုင်အမှတ်(၆)တပ်ရင်း၊ အမှတ် (၂)တပ်ရင်းနှင့် အမှတ် (၇) တပ်ရင်းတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#မကွေးတိုင်း #မြိုင်မြို့နယ် #ရိက္ခာ #စစ်ကောင်စီတပ် #ပျူစောထီး #ကြားဖြတ်တိုက်ခိုက် #၆ဦးသေ #Ayeyarwaddy_Times
……………………………………………………………….
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…