ဧရာဝတီတိုင်းမ်
မတ်လ ၅ ရက်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် မတ်လ ၃ ရက်နေ့၌ ပကဖအဖွဲ့ဝင်၂ ဦးအဖမ်းခံရပြီးနောက် CDM ကျောင်းဆရာမ ၃ ဦးအပါဝင် ပြည်သူ ၁၀ ဦးကျော်အဖမ်းခံရကြောင်း သတင်းရရှိသည်။

အင်းတော်မြို့တွင် ပကဖ ၂ ဦးကို မနက်ပိုင်းအချိန်၌ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် အလှူရှင်စာရင်းပေါက်ကြားသည်ဟုဆိုကာ CDM ကျောင်းဆရာမအပါဝင် ပြည်သူ ၁၀ ဦးကျော်ကို ညနေပိုင်းအချိန် လာရောက်ဖမ်းဆီးခဲ့ကြောင်း lndaw Revolution lR အဖွဲ့ထံမှသိရသည်။

“မနက်ပိုင်းမှာ ပကဖ ရဲဘော်၂ဦးအဖမ်းခံရပြီးတော့ အလှူရှင်စာရင်း ပေါက်ကြားတယ်ဆိုပြီး CDM ကျောင်းဆရာမ အပါဝင် ဈေးတိုက်တန်းက ဈေးသည် အမျိုးသမီးအများစုနဲ့ အမျိုးသားအနည်းစု အဖမ်းခံရတယ်လို့သိရတယ်ဗျ။ သူတို့ကို စစ်ကောင်စီရဲ့ ရိက္ခာကုန်းကို ဖမ်းခေါ်သွားတယ်လို့ သိရတယ်”ဟု lndaw Revolution lR အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီး ၃ ဦးကို ပြန်လွတ်ပေးတယ်လို့သတင်းများထွက်ပေါ်နေပေမယ့် ဘယ်သူတွေပြန်လွတ်လာတယ်ဆိုတာကို အတိကျမသိရသေးသလို ပြည်သူတွေအနေနှင့်လည်း လုံခြုံရေးကို မပေါ့ဆဘဲ သတိထားနေထိုင်ကြပါဖို့ မှာကြားချင်တယ်လို့ ၎င်းမှဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည် ဖေဖော်လ ၂၇ ရက်နေ့တွင်လည်း မီးသွေးဖုတ် အလုပ် လုပ်ကိုင်သည့် ကမ်းနီရွာသား ကိုမင်းမင်းဦး ကို စစ်ကောင်စီက တစ်သက်တစ်ကျွန်းအမိန့်ချမှတ်ခဲ့ကြောင်း ဒေသခံမျာထံမှ သိရသည်။

#အင်းတော်မြို့ #ပကဖ #CDM #ပြည်သူဆယ်ဦးကျော် #Ayeyarwaddy_Times
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…