ဧရာဝတီတိုင်းမ်
မတ်လ ၅ ရက်

စစ်ကောင်စီကဦးစီးပြီး ကျင်းပပြုလုပ်တဲ့ မော်တင်စွန်းဘုရားပွဲကိုသွားတဲ့ အမြန်ရှပ်ပြေး သင်္ဘောတွေ ပေါ်မှာ မကြာခဏဆိုသလို ပစ္စည်းခိုးယူခံရတာတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ကနေ ဟိုင်းကြီးကျွန်း မော်တင်စွန်းဘုရားကို ပြေးဆွဲနေတဲ့ သင်္ဘောများတွင် လိုက်ပါကြတဲ့ ခရီးသည်များ ရေယာဥ်အတွင်းမှာ ပစ္စည်းခိုးယူခံရမှုများ ဖြစ်ပွားနေတယ်လို့ ဒေသခံ ခရီးသွားတွေက ပြောပါတယ်။

“အများစုပျောက်တာကတော့ ဖုန်းတွေပျောက်ကြတာများတယ် တစ်ချို့လဲပိုက်ဆံအိတ်တွေပျောက်တယ်လို့ကြားတယ် ရေယာဥ်တွေကတော့ မိမိပစ္စည်းမိမိတာ၀န်ပေါ့ လို့ ပြောတယ်ခရီးသွားအများကြီး ​ဘယ်ဖြေရှင်းနိုင်မလဲ “လို့ ပုသိမ်မြို့က ရေယာဥ်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

မော်တင်စွန်းဘုရားပွဲကို ပုသိမ်ဆိပ်ကမ်ကတစ်ဆင့်ရေလမ်းခရီးက နေသွားရောက်သူ အနယ်နယ်အရပ်ရပ်ကလာရောက်သူများပြားနေတာကြောင့်အလစ်သုတ်ခိုးယူသူတွေလည်း သင်္ဘောပေါ်မှာ ပါလာနိုင်တာကြောင့် ခရီးသွားတွေကိုယ်တိုင်ကသတိထားဖို့လိုတယ်လို့ ပုသိမ်မြို့ခံတစ်ဦးကပြောပါတယ်။

မော်တင်စွန်း ဘုရားပွဲတော်ကို နှစ်စဥ်ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကနေ တပေါင်းလပြည့်နေ့ မတ်လ ၅ ရက်နေ့ထိ ၁၅ ရက်ကြာကျင်းပတာဖြစ်ပြီး ပုသိမ်မြို့ကတစ်ဆင့် ရေလမ်းခရီးအပြင် ပုသိမ်၊ ငွေဆောင်ကားလမ်း မော်တင်လမ်းခွဲကနေလည်း သွားရောက်နိုင်ပြီးဘုရားဖူးလာရောက်သူများပြားနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#မော်တင်စွန်းဘုရားပွဲ #စစ်ကောင်စီ #ပစ္စည်းခိုးယူ #မကြာခဏဖြစ်ပွား #Ayeyarwaddy_Times

……………………………………………………………..
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…