ဧရာဝတီတိုင်းမ်
မတ်လ ၅ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ ဝိုင်းဒင်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မတ်လ ၄ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

ကော့သောင်းခရိုင်တပ်ရင်း (၁)မှ ပုလဲစစ်ကြောင်း၊ KNLA တပ်ရင်း (၂၀၃)နှင့် KTLA ပူးပေါင်းအဖွဲ့တို့ စစ်ရေးလှုပ်ရှားစဉ် ဝိုင်ဒင်းရွာသားအချို့၏ လမ်းပြမှုကြောင့် စစ်ကောင်စီဘက်မှ သာလွန်အင်အားအသုံးပြုကာ လာရောက်တိုက်ခိုက်မှုကြောင့်ရဲဘော် ၉ ဦးကျဆုံးခဲ့ကြောင်း ကော့သောင်းခရိုင်တပ်ရင်း (၁)မှ သတင်းထုတ်ပြန်သည်။

ဒါ့အပြင် ကျဆုံးခဲ့သည့်ရဲဘော် ၉ ဦး၏ ကိုယ်ခန္ဓာများအား ပြန်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ပြီး ကျဆုံးရဲဘော် ၉ ဦး၏ အမည်၊ တပ်ဖွဲ့ကို မြေပြင်အခြေအနေအရ ဆက်သွယ်စီစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံး၊ ဒဏ်ရာရတွေကိုလည်း ဆက်လက် စုံးစမ်းနေဆဲဖြစ်ကြောင်း ကော့သောင်းခရိုင်တပ်ရင်း (၁)မှ သတင်းထုတ်ပြန်ထားသည်။

#Ayeyarwaddy_Times