ဧရာ၀တီတိုင်းမ်
မတ်လ ၅ ရက်
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် အချုပ်ကားပေါ်မှ လက်နက်လုယုထွက်ပြေး လွတ်မြောက်နေသူများအနက် သုံး ဦးကို ယမန်နေ့ မတ်လ ၃ ရက်နေ့က ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။
ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့ ညနေပိုင်းအချိန်က ရမည်းသင်း အကျဉ်းထောင်မှ အချုပ်သား ၂၁ ဦးပါသည့် အချုပ်ကားပေါ်မှ အချုပ်သား ၁၀ ဦးသည်နေပြည်တော် တပ်ကုန်းမြို့နယ် ရှောက်ကုန်းရွာအရောက်တွင် အစောင့်ရဲထံမှ သေနတ်လုယူ၍ ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
“အားလုံး ခုနစ် ယောက်ကို ပြန်ဖမ်းမိပြီ။ အဲဒီထဲက နှစ် ယောက်ကတော့ ပစ်ခတ်ဖမ်းဆီးခဲ့ရလို့ သေဆုံးသွားတယ်။ မတ်လ ၂ ရက်နေ့က သုံး ယောက်၊ မနေ့က ၃ ရက်နေ့က လေး ယောက်ဖမ်းမိတယ်။ ရဲဆီက MA-13 ကို လုပြီးထွက်ပြေးသွားကြတာ။ သေနတ်တော့ပြန်မရသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီမှ ပြန်လည်ဖမ်းမိသည့် တရားခံ စုစုပေါင်း ခုနစ် ဦးထိရှိလာပြီဖြစ်ပြီး ယင်းခုနစ် ဦးအနက်ပစ်ခတ်ဖမ်းဆီးမှုကြောင့် နှစ် ဦးသေဆုံးခဲ့၍ ငါး ဦးကို ပြန်လည် ဖမ်းဆီးရမိထားခြင်းဖြစ် ကြောင်း သိရသည်။
#နေပြည်တော် #အချုပ်ကား #ဖောက်ပြေးသူ #ထပ်မံဖမ်းမိ #၂ဦးပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times
……………………………………………………………..
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…