ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(လောင်းလုံး)၊ မတ်လ ၅ ရက်

တနင်္သါရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် မတ်လ ၂ ရက်နေ့က ဆက်ကြေးကောက်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့တိုက်ခိုက် ခံရပြီး ၃ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်မတ်တပ်ရွာနှင့် မြင်းခွာအော်ရွာမှ ဆက်ကြေးတောင်းပြီး ဆိုင်ကယ် ၂ စီးဖြင့် ပြန်လာသည့် စစ်သား ၂ ဦးနှင့် ပျူစောထီး ၂ ဦး ကို LLPDF တပ်ဖွဲ့မှ အောက်ကျောက်ဝပ်ကျေးရွာနှင့် ကျောက်ဝပ်ပြင်ရွာအကြားတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၃ ဦး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (LLPDF) မှ မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်ထားခဲ့သည်။

“ကျွန်တော်တို့အဖွဲ့ တွေနဲ့ စစ်ကောင်တပ်တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပေါ့။ အဲဒီအချိန်မှာ ကျောက်နီမော်ကျေးရွာမှ Vigo ကား ၂ စီး နဲ့ စစ်ကာဆင်းလာကြတယ်။ အဲဒီ စစ်ကူလာတဲ့ အရှေ့ဆုံးကားမှာကစစ်သား ၇ ဦးပါ လာတာပေါ့။ အဲဒီကားကို ကျနော်တို့ မိုင်းဆွဲ တိုက်ခိုက်လိုက်တာ ကားကထိုးရပ်သွားတာပေါ့။ အဲဒီအချိန်မှာပဲ့ အနောက်က (Vigo)ကားပေါ်မှာ ပါလာတဲ့ စစ်ကောင်စီတပ်သား ၉ ဦးကကားပေါ်က နေပြီး ကျနော်တို့ကိုလက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တာကြောင့် ရဲဘော်တွေနောက်ကြောင်းပြန်ဆုတ်ခဲ့ရတယ်”ဟု LLPDF မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယင်းနောက် ညနေ ၅ နာရီခန့်တွင် ထိတွေ့မှု ဖြစ်ပွားခဲ့သည့် နေရာသို့ Vigo ကား ၁ စီးနှင့်အတူ ခြေလျင် စစ်ကြောင်းပါလိုက်ပါလာပြီး ထပ်မံ စစ်ကြောင်းထိုး တက်လာသည့် စစ်ကောင်စီတပ်နှင့်( LLPDF) ရဲဘော်များ တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က အထိနာကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် LLPDF တပ်ဖွဲ့များမှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် Power Bank ၁ လုံး၊ ယူနီဖောင်း ၃ စုံ၊ Vigo ကား ၁ စီး၊မှတ်ပုံတင်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ပျက်စီးသွားသော ဆိုင်ကယ် ၁ စီး၊ ငွေ ၅ သိန်း၊ MA 3 သေနတ် ၁ လက်၊ ကျည် ၂၀ တောင့်နှင့် ကျည်ဘောက် ၁ ခုတို့ ကိုပါသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(LLPDF)
………………………………………………………………
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…