နွေဦးမောင် /ဧရာဝတီတိုင်းမ်
(မုံရွာ)/မတ်လ ၅ ရက်

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးနေ၍ ဒေသခံများ ဘေးလွတ်ရာ နေရာများတွင် နေထိုင်နေရပြီး စားဝတ်နေရေးခက်ခဲမှုများ ကြုံတွေ့နေကြောင်း သိရသည်။

ဖောင်ကတာ ၊ ရွှေလှေ၊ မိုးကြိုးပြင်မြောက်ရွာ၊ တောင်ရွာ၊ ဇီးတောရွာနှင့် ဆည်တည်း ရွာဟောင်းတို့တွင် စစ်ကောင်စီတပ်များ အကြိမ်ကြိမ် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီး ခဲ့သောကြောင့် ဒေသခံပြည်သူ ၅၀၀၀ ကျော်သည် စစ်ရှောင်နေရပြီး စားဝတ်နေရေး အခက်ကြုံနေရကြောင်း ဒေသခံများထံက သိရသည်။

“နီးစပ်ရာ ရွာတွေမှာ နေ့စားခယူပြီး ကွမ်းခူးတာ ၊ ငရုပ်ဆွတ်တာ ၊ ပဲခူးတာတွေကို လုပ်ကိုင်ပေမယ့် အလုပ်အကိုင်တွေလည်းရှားပါလာတဲ့အတွက် ထမင်းစားဖို့ကို တောင် အခက်အခဲ ဖြစ်နေပါတယ်။ စာရေးသောက်ရေး တော်တော်ခက်ခဲနေတယ်” ဟု အသက် ၅၀ အရွယ် စစ်ရှောင် အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်၏ အကြိမ်ကြိမ်မီးရှို့ခြင်း ခံနေရသည့် ဒေသခံများသည် စားဝတ်နေရေး ခက်ခဲနေသည့်အပြင် ကျေးရွာများသို့ ပြန်ပါက ထိပ်တိုက်တိုးကာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ခံရမည်ကိုပါ ကြောက်ရွံ့နေကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း #မုံရွာမြို့အနောက်ခြမ်း #စစ်ကောင်စီတပ် #အကြိမ်ကြိမ်မီးရှို့ #ဒေသများ #စားဝတ်နေရေးခက်ခဲ #Ayeyarwaddy_Times
……………………………………………………………..
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…