ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်
မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အာဏာသိမ်းစစ်ကောင်စီအပေါ် ပိုမိုတင်းမာသော သဘောထားတစ်ရပ် ကျင့် သုံးဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အာဆီယံခေါင်းဆောင်တွေကို တိုက်တွန်းလိုက်ပါတယ်။
“မြန်မာ့အကျပ်အတည်းက ပြည်တွင်းရေးတစ်ခု မဟုတ်ပါဘူး။ မြန်မာစစ်ကောင်စီအပေါ် တင်းတင်းမာ မာ ရပ်တည်ချက်ထားရှိဖို့ အာဆီယံမိတ်ဆွေအချို့ကို ကျွန်တော် မေတ္တာရပ်ခံခဲ့ပါတယ်” လို့ ဖိလစ်ပိုင်ခရီးစဉ်အ တွင်း ဒေသန္တရ ရုပ်သံဌာနတစ်ခုကို အန်ဝါက ပြောပါတယ်။
အာဆီယံအဖွဲ့က ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းရှိတာကို သက်သေပြခဲ့တယ်လို့ သူက ဆိုပါတယ်။ မြန် မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့က ပါးစပ်ပိတ်မနေသင့်ဘူးလို့ အန်ဝါက ပြောပါတယ်။
“မြန်မာပြည်သူတွေ သတ်ဖြတ်ခံနေရပါတယ်။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ ကျေးရွာတွေ၊ နေအိမ်တွေ မီးရှို့ခံရတာကြောင့် အဓမ္မ အိုးအိမ် စွန့်ခွာနေရပါတယ်” လို့ အန်ဝါက ထောက်ပြပါတယ်။
နိုင်ငံတကာ လေ့လာစောင့်ကြည်သူတွေ ထောက်ခံထားတဲ့ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ဆိုပြီး မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ အာဏာသိမ်းကာ အရပ် သားအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချခဲ့ပါတယ်။
အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံဟာ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအကျပ်အတည်းအတွင်း ကျ ရောက်ခဲ့ပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်း ထန်လာခဲ့ပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၃၀၀၀ ကျော် စစ်အာဏာပိုင်တွေရဲ့ သတ်ဖြတ်မှုခံခဲ့ရကာ ၁၆၁၀၀ ကျော် အကျဉ်းချခံနေရဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အ ချက်အလက်တွေအရ သိရပါတယ်။
ကိုးကား – La Prensa Latina
Ref; Malaysia urges ASEAN leaders to be tougher on Myanmar’s junta