ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ်၊ စစ်ကောင်စီလက်အောက်ခံ တောင်ခရမ်းရဲစခန်းမှာ မွေးမြူထားတဲ့ ဆိတ်တွေကို ပကဖနွေဦး တပ်ခွဲ (၇)က သိမ်းယူခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

အဲ့ဒီ ဆိတ်အကောင် ၅၀ ကျော်ကို တောင်ခရမ်းရဲစခန်းအတွင်က သတင်းပေးမှုကြောင့် မတ်လ ၁ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ ပကဖနွေဦးအဖွဲ့က သွားရောက် သိမ်းယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အတွင်းထဲက ဖရဲသီးသတင်းပေးတာနဲ့ ကျွန်တော်တို့ တပ်ဖွဲ့က ရဲဘော်တွေက ဒီဆိတ်​တွေကိုသွားရောက်သိမ်းယူခဲ့တာပါ။ နောက်တစ်နေ့မှာပဲ ဂန့်ဂေါထဲက PDF တပ်ဖွဲ့တစ်ဖွဲ့ကိုမွေးမြူရေးလုပ်ဘို့ ပြန်ပီးလှူဒါန်းခဲ့တာပါတယ်” လို့ ပကဖနွေဦးအဖွဲ့ တပ်ခွဲ ( ၇ )မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။

တောင်ခရမ်းရဲစခန်းက သိမ်းယူခဲ့တဲ ဆိတ်အကောင်ရည် ၅၀ ကို မွေးမြူရေးလုပ်ဖို့ဆိုကာ ဂေါခရိုင်တပ်ရင်း ၁ ထံ ကူညီလွှဲပြောင်း လှူဒါန်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် ဆိတ်အကောင် ၅၀ ကျော်ကို သိမ်းယူခဲ့တဲ့ ပကဖနွေဦးအဖွဲ့ တပ်ခွဲ ( ၇ )က ရဲဘော် ၄ ဦးကို ဂန့်ဂေါခရိုင်တပ်ရင်း ၁ မှ ရဲဘော်တစ်ဦးကို ၁ သိန်းနှစ်သောင်းနှုန်းနဲ့ စုစုပေါင်း ၄ သိန်းရှစ်သောင်းကျပ် ဆုချီးမြှင့်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောပါတယ်။

#ဂန့်ဂေါနယ် #တောင်ခရမ်းရဲစခန်းက
#ဆိတ်အကောင်၅၀ကျော်ကိုပကဖနွေဦးကသိမ်းယူ
#Ayeyarwaddy_Times
………………………………………………………………
စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။
စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
https://www.facebook.com/ayeyarwaddytimes/reviews/…