ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်

မြန်မာစစ်အာဏာရှင်တွေက အရပ်သားတွေကို ရန်သူတွေလို့ သတ်မှတ်ပြီး ကိုယ့်ပြည်သူတွေအပေါ် စစ်ပွဲ ဆင်နွှဲနေတယ်လို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး ၂ နှစ်ကြာလာတဲ့အချိန်မှာ မြန်မာ့အခြေအနေက အခြေအနေပိုဆိုးလာပြီး စစ်တပ်ဟာ ပြစ်ဒဏ်မှသက်ညှာခွင့်ရနေ တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။

စစ်အာဏာသိမ်းမှုနောက်ပိုင်း လူပေါင်း ၃၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ယင်းအနက် ၃၀ ရာခိုင်နှုန်းနီး ပါးက ထိန်းသိမ်းခံရစဉ် သေဆုံးခဲ့တာလို့ အာဏာသိမ်းမှု ၂ နှစ်ပြည့်ကို ဆန်းစစ်တဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြပါ တယ်။ အမှန်တစ်ကယ် သေဆုံးသူဉီးရေက ဒီထက် ပိုများနိုင်ဖွယ်ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၈၀ ရာခိုင်နှုန်းနီးပါးဟာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေ၊ အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေကြား လက်နက်ကိုင်ပဋိပက္ခ ဘေးသင့်ခဲ့တယ်လို့ အစီရင်ခံ စာက ဖော်ပြပါတယ်။

“အရင်က လက်နက်ကိုင်ပဋိပက္ခတွေဟာ တိုင်းရင်းသားပြည်နယ်တွေမှာသာ ဖြစ်ခဲ့ပေမယ့် အခုဆိုရင် ဗ မာပြည်မအထိ ပျံ့နှံ့လာခဲ့ပြီ” လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး မြန်မာကိုယ်စားလှယ်ရုံး အကြီးအကဲ ဂျိမ်းစ်ရိုဒီ ဟာဗာက ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာပြုလုပ်တဲ့ မီဒီယာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း စစ်တပ်ရဲ့ စစ်ဆင်ရေးတွေအတွင်း နေအိမ် ၃၉၀၀၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရတာကြောင့် ၂၀၂၁ ခုနှစ်ကထက် အဆတစ်ထောင် တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
မြန်မာစစ်တပ်နဲ့ လက်အောက်ခံတပ်ဖွဲ့တွေက အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးမှု ၁၇၅၇၂ ကြိမ် ပြု လုပ်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

“မြန်မာစစ်တပ်ဟာ မြန်မာပြည်သူတွေကို အတိုက်အခံနဲ့ရန်သူလို ဆက်ဆံနေပါတယ်။ မြန်မာစစ်တပ်က ကိုယ့်ပြည်သူအပေါ် စစ်ပွဲဆင်နွှဲနေပြီး အကျပ်အတည်းတစ်ရပ် ဖန်တီးခဲ့ပါတယ်” လို့ သူက ဆိုပါတယ်။

ကိုးကား – AFP
Ref; Myanmar junta at war with country’s own people: UN
……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…