ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မတ်လ ၃ ရက်နေ့ ညပိုင်းက ကျောက်ဝိုင်းမှာ စကားများရန်ဖြစ်ရာကနေ အမျိုးသား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မဇွပ်ယန်ကျေးရွာနားမှာရှိတဲ့ အဲဗားဘေး ရေမဆေး စျေးတန်းကြီးမှာ ကျောက်အရောင်းအဝယ်ပြုလုပ်တဲ့ ရေမဆေးကျောက်ရှာသူ အုပ်စု ၂ စုဟာ ည ၉ နာရီလောက်မှာ စကားများရာကနေ ဓားထိုးမှုဖြစ်ပွား ခဲ့တာလို့ ဆိုပါတယ်။
” အသေးစိတ်တော့မသိရသေးဘူး၊ ၁ ဦးသေပြီး ၄ ဦးက ဒဏ်ရာအပြင်းထန်ရတယ်၊ ညဘက်ဖြစ်တာဆိုတော့ လူတွေလည်း သေချာမသိလိုက်ဘူး”လို့ ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မဇွပ်ယန်ကျေးရွားနာက ကျောက်ဝိုင်းမှာ ဓားထိုးမှု ဖြစ်ပွားခဲ့ပေမယ့် ရန်ဖြစ်တဲ့သူတွေကတော့ တခြား ကျေးရွာတွေကဖြစ်တယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်တူးဖော်ခွင့်ကို ပိတ်ပင်ထားပေမယ့် ကုမ္ပဏီ အများစုက ခိုးတူးနေတာကြောင့် ရေမဆေးကျောက်ရှာတဲ့သူတွေလည်းရှိနေပြီး မကြာခဏဆိုသလို ခိုက်ရန်ဖြစ်ပွားတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။