ဧရာဝတီတိုင်းမ်
မတ်လ ၄ ရက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ဖြတ်တောက်တာကို ပြန်စဉ်းစားဖို့ မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးက ကမ္ဘာ့နိုင်ငံ တွေကို အရေးတကြီး မေတ္တာရပ်ခံလိုက်ပါတယ်။

“ရိုဟင်ဂျာတွေအတွက် စားနပ်ရိက္ခာဖြတ်တောက်တာဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အသိစိတ်ဖြစ်ပါ တယ်။ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ရန်ပုံငွေမရှိတာကြောင့် စားနပ်ရိက္ခာ ဖြတ်တောက်ရတာဖြစ်ပါ တယ်” လို့ သူက ဆိုပါတယ်။

စားနပ်ရိက္ခာ ဖြတ်တောက်မှုက မြန်မာစစ်တပ်ရဲ့ လူမျိုးသုဉ်း တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာတစ်သန်းနီးပါးကို သက်ရောက်စေမယ်လို့ အန်ဒရူးက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လက်ရှိ ခွဲဝေသတ်မှတ်ထားတဲ့ ၃၀ ရာခိုင်နှုန်းထက်ကျော်လွန်ပြီး စား နပ်ရိက္ခာ ဖြတ်တောက်မယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေက မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေအတွက် ထောက်ပံ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ အန်ဒရူးက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်တွေက အသက်ရှင်သန်ဖို့ ပျမ်းမျှအားဖြင့် တစ်ရက်လျင် ဒေါ်လာ ဒသမ ၂၇ လိုအပ်မယ်လို့ သူက ပြောပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ဖြတ်တောက်ဖို့ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ဒေါ်လာ ၁၂၅ သန်း လက်ငင်း လိုအပ်မှာဖြစ်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ဖြတ်တောက်မယ့်အစီအစဉ်ကို စိုးရိမ်မိကြောင်း ရိုဟင်ဂျာ အဖွဲ့အစည်း ၁၂ ခုက ပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နေထိုင်တဲ့ ရိုဟင်ဂျာတွေကို လူမှောင်ခိုကူးမှု၊ အရွယ် မရောက်မီ လက်ထပ်ထိမ်းမြားမှုနဲ့ ပြည့်တန်ဆာတွေ ဖြစ်လာစေနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ နယ်မြေရှင်းလင်းရေးဟုဆိုကာ အကြမ်းဖက် စစ် ဆင်ရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် ထွက်ပြေးလာခဲ့တဲ့ ရိုဟင်ဂျာ ၇၀၀၀၀၀ ကျော် အပါအဝင် ရိုဟင်ဂျာ ၁ ဒ သမ ၂ သန်းခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြပါတယ်။

ကိုးကား – Anadolu
Ref; Cuts in food aid for Rohingya refugees ‘catastrophic,’ says UN rights expert

……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…