ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်

စစ်ကိုင်းတိုင်၊ အင်းတော်မြို့နယ်မှာ မတ်လ ၂ ရက်နေ့ ညပိုင်းက ပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦး မိုင်းမတော်တဆမှုဖြစ်ပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကားကို မိုင်းခွဲဖို့စီစဥ်နေတုန်း မိုင်းပေါက်ကွဲခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ သူတွေဟာ အသက် ၂၀ ကျော်အရွယ် မြို့ပြပြော​က်ကျားတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ lndaw Revolution lR အဖွဲ့ကနေ သိရပါတယ်။

“ရဲဘော်၂ ဦးက ကင်းလှည့်နေတဲ့စစ်ကားကို မိုင်းထောင်ဖို့ အင်းတော်မြို့လယ်က မီးပွိုင့်မှာ မိုင်းသွားထောင်တာ၊ မတော်တဆဖြစ်ပြီး ထကွဲလို့ ကျဆုံးသွားတာပါ၊ မီးပွိုင့်က ဘန်ကာတွေတော့ ပျက်စီးသွားပါတယ်။ အဲ့အနီးက ရဲတွေက လက်နက်တွေနဲ့ရမ်းသမ်းပစ်ခတ်ကြသေးတယ်”လို့ lndaw Revolution lR အဖွဲ့ပြန်ကြားရေးတာဝန်ခံကဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

မိုင်းပေါက်ကွဲချိန်မှာ ကျဆုံးသွားတဲ့ ရဲဘော် ၂ ဦးဟာ အားကိုးရတဲ့ရဲဘော်တွေဖြစ်ပြီး ကျဆုံးသွားတဲ့ အတွက် အင်မတန်ဝမ်းနည်းရသလို ကောင်းရာ မွန်ရာ ရောက်ဖို့အတွက် ဆုတောင်းပေးနေတယ်လို့ ဆိုပါတယ်။

မိုင်းမတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် ၂ ဦးရဲ့ ရုပ်အလောင်းတွေကို စစ်ကောင်စီတပ်က ယူဆောင်သွားပြီး အင်းတော် သုသာန်မှာ သဂြိုလ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#အင်းတော် #​ပြောက်ကျားတပ်ဖွဲ့ဝင် #၂ဦး #မိုင်းမတော်တဆ #သေဆုံး
#Ayeyarwaddy_Times

……………………………………………………………….

စစ်ကောင်စီမှ Ayeyarwaddy Times သတင်းဌာန၏ Facebook Page ကို ရီပို့ (Report) ပြုလုပ်ကာ ပရိတ်သတ်များထံ သတင်းစီးဆင်းမှု ပြတ်တောက်စေရန် ကြိုးပမ်းလုပ်ဆောင်လျှက် ရှိပါသည်။

စာဖတ်ပရိတ်သတ်များအနေဖြင့် အောက်တွင်ဖော်ပြထားသောလင့်ခ်ကို နှိပ်၍ Ayeyarwaddy Times Facebook page ကို ကောင်းမွန်သော မှတ်ချက် (Review) များ ရေးသားပေးခြင်းနှင့် သတင်းများကို Like and Share ပြုလုပ်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။

https://www.facebook.com/ayeyarwaddytimes/reviews/…