ဧရာဝတီတိုင်းမ်
မတ်လ ၃ ရက်
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်အတွင်းရှိ ဒေသခံတွေရဲ့ နေအိမ် အလုံး ၆၀၀ ကျော်ကို စစ်ကောင်စီတပ်တွေက ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကဆီက သိရပါတယ်။
အဲ့ဒီ စစ်ကောင်စီတပ်တွေဟာ ယင်းမာပင်မြို့နယ်အတွင်းရှိ ကျေးရွာတွေက နေအိမ်တွေကို ဖော်ဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်ကာ ၂၈ ရက်နေ့အထိ ၆ ရက် ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“တပ်ဆွဲထားတာ ဖေဖော်ဝါရီလပိုင်းကတည်းကဆိုတော့ ရွာတွေ လူတွေလည်းမရှိကြတော့ဘူး။ ထင်သလိုပစ္စည်းယူပြီးရင် အိမ်တွေကို မီးရှို့ကြတော့တာပဲ။ တချို့ရွာတွေဆိုရင် ရွာလုံးကျွတ်ကုန်နီးပါကုန်သွားတယ်လို့ သိရတယ်။ တာဝကျေးရွာကအိမ်ခြေ ၂ဝ ကျော်လောက် လက်ရှိမီးရှို့ခံထားရတယ်။ အသတ်ခံရတဲ့ ပြည်သူတွေလည်းရှိပါသေးတယ်” လို့ ယင်းမာပင်မြို့နယ်မှ ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
မီးရှို့ခံရတဲ့ကုန်းရွာကျေးရွာမှာ အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့အနက် အိမ်ခြေ ၅၀၀ ဝန်းကျင် မီးရှို့ဖျက်ဆီးခံရတဲ့ အပြင် ယင်းမာပင် လမ်းဘေးတစ်လျှောက် အိမ်ခြေ ၁၀၀ ကျော်နဲ့ တာဝကျေးရွာက နေအိမ် ၂၅ လုံးထက်မနည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုဟာ ပြန်လှည့်ကျေးမှာ ရောက်ရှိနေပြီး ထပ်မံတပ်ဆွဲထားတယ်လို့ ဒေသခံတွေ ပြောဆိုချက်တွေအရ သိရပါတယ်။
အဆိုပါ နေအိမ်တွေ မီးရှို့ခံရတဲ့ ဒေသခံပြည်သူတွေဟာ လက်ရှိမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အပြင် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ-ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
#ယင်းမာပင်မြို့နယ်#နေအိမ်အလုံး၆၀၀ကျော်က်ို
#စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီး
#Ayeyarwaddy_Times