ဧရာ၀တီတိုင်းမ်
မတ်လ ၃ ရက်

ညအချိန်မတော် သွားလာမှုကြောင့် ဖမ်းဆီးခံခဲ့ရသော်လည်း နေပြည်တော် ၊ ခလရ (၈၅) တပ်ရင်းမှ တပ်ရင်းမှူး၏သားဖြစ်၍ မတ်လ ၁ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံများထံက သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ ခြေလျင်တပ်ရင်း ၈၅ မှ တပ်ရင်းမှူး၏သား ညအချိန်မတော် သွားလာမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး ယင်းညပိုင်းက ဖမ်းဆီးခံရသူ အယောက် ၃၀ ကျော်ရှိကြောင်း သိရှိရသည်။

“အဲဒီညက ဖမ်းခံရတဲ့ လူငယ်တွေအယောက် ၃၀ ကျော်တယ်။ မေးမြန်းကြည့်တဲ့အခါ အဲဒီထဲမှာ တပ် ရင်းမှူးသားလည်းပါလာတယ်။ နေပြည်တော် ကောင်စီကို ဖမ်းဆီးမှုဖြစ်စဉ် လှမ်းအကြောင်းကြားတော့ ကောင်စီကနေပြီးတော့ ဘယ်ကောင့်ရဲ့ သားဖြစ်ဖြစ်မလွှတ်နဲ့ ဖမ်းထားလိုက်ဆိုပြီး ပြန်ပြောလို့ ညတွင်းခြင်းမဟုတ်ဘဲ တစ်ညထိန်း ထားလိုက်ရတာ။ မနက်ကြတော့ ခံ၀န်နဲ့ ပြန်လွှတ် ပေးလိုက်ပါတယ်”ဟု နေ‌ပြည်တော်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သူက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နေပြည်တော်တွင် ည ၁၂ ကျော်ပါက အပြင်ထွက်သွားလာခြင်းမပြုလုပ်ရန် ကြေညာ ထားပြီး တွေ့ရှိသူများကို ဖမ်းဆီးမှုများပြုလုပ်၍ ဒဏ်ငွေရိုက် ခံ၀န်လက်မှတ်‌ရေး ထိုးခြင်းများပြုလုပ်ပြီးမှသာလျှင် ပြန်လည်လွှတ်ပေးကာ အခန့်မသင့်လျှင် စစ်ကြော ရေးသို့ ပို့ဆောင်ခြင်းများရှိသည်။

တပ်ရင်းမှူး၏သားကိုမူ ခံ၀န်ရေးထိုးစေပြီး တစ်ညသာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

#နေပြည်တော်ကောင်စီ #ခြေလျင်တပ်ရင်း၈၅ #တပ်ရင်းမှူးသား #ပြန်လွှတ် #Ayeyarwaddy_Times