ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်
အိန္ဒိယနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီက မြန်မာစစ်တပ်သို့ အမြောက်ပြောင်းတွေ တင်ပို့ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီက သဘောထားကွဲလွဲသူတွေအပေါ် ဖြိုခွင်းရာမှာ အသုံးပြုနိုင်တယ်လို့ တက်ကြွလှုပ်ရှား သူအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
စစ်ဗိုလ်ချုပ်ကြီးတွေဟာ လွန်ခဲ့သောနှစ်နှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကို ဖြုတ်ချ ကာ ဒီမိုကရေစီစနစ် အဆုံးသတ်ကာ လူထုဆန္ဒပြပွဲတွေ ဖြစ်လာခဲ့တာကြောင့် မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအ ခြေအနေ ဖြစ်နေခဲ့ပါတယ်။
မြန်မာစစ်တပ်က အတိုက်အခံတွေကို ချေမှုန်းရာမှာ လက်နက်ကြီးတွေအပြင် လေကြောင်းပစ်ကူပါ အ သုံးပြုခဲ့တာကြောင့် စစ်ကောင်စီသို့ လက်နက်ထောက်ပံ့တာတွေ ရပ်တန့်ဖို့ နိုင်ငံတကာက တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံပိုင် လက်နက်ထုတ်လုပ်ရေးလုပ်ငန်း Yantra India Ltd က ၁၂၂ မီလီမီတာရှိတဲ့ သေနတ်ပြောင်း ၂၀ ကို မြန်မာစစ်တပ်ထံ ပေးပို့ခဲ့တယ်လို့ Justice for Myanmar က ရရှိခဲ့တဲ့ အချက်အလက်တွေက ဆိုပါတယ်။
အမေရိကန်ဒေါ်လာ ၃၃၀၀၀၀ တန်ကြေးရှိ အဆိုပါသေနတ်ပြောင်းတွေကို ရန်ကုန်မြို့တော်အခြေစိုက် Innovative Industrial Technologies Co Ltd မှတစ်ဆင့် လွှဲပြောင်းပေးခဲ့တာလို့ Justice for Myanmar က ပြောပါတယ်။
အိန္ဒိယနိုင်ငံပိုင်လုပ်ငန်းမှ ပေးပို့ခဲ့တဲ့ သေနတ်ပြောင်းတွေကို မြန်မာစစ်တပ်အတွက် အမြောက်တွေပြု လုပ်ရာမှာ အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ Justice for Myanmar က ဆိုပါတယ်။
“အိန္ဒိယနိုင်ငံက စစ်လက်နက်တွေ တင်ပို့ခြင်းအားဖြင့် စစ်ကောင်စီရဲ့ အပြစ်မဲ့အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို တိုက်ရိုက် ကူညီနေပါတယ်” လို့ Justice for Myanmar မှ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင် က ပြောပါတယ်။
စစ်ကောင်စီကို ကုလသမဂ္ဂမှာ ရုရှားနဲ့တရုတ်က ကာကွယ်ပေးတာကြောင့် မြန်မာ့အရေးကို သံတမန် နည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ကြိုးပမ်းမှုတွေက စမ်းတဝါးဝါးဖြစ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တစ်ဖက်သတ် ထိန်းသိမ်းထားသူတွေကို လွှတ်ပေးဖို့ တောင်းဆိုထား တဲ့ မြန်မာ့အရေး ကုလသမဂ္ဂရဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်မူကြမ်း မဲခွဲအတည်ပြုရာမှာ အိန္ဒိယက ရုရှား၊ တ ရုတ်တို့နဲ့အတူ ကြားနေမဲပေးခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက ရာဇဝတ်မှုတွေလိုမျိုး နယ်စပ်ဖြတ်ကျော်ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အိမ်နီး ချင်းတိုင်းပြည်တွေနဲ့ ဆက်ဆံဖို့ ရှောင်လွှဲမရဘူးလို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်ဂျိုင်ရှန်ကာက အိန္ဒိယ နိုင်ငံရဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ဆက်ဆံရေးကို ကာကွယ်ပြောကြားခဲ့ပါတယ်။
ကိုးကား – AFP
Ref; Indian state-owned firm sold artillery barrels to Myanmar: activists