ဧရာဝတီတိုင်းမ်
မတ်လ ၂ ရက်

မြန်မာနိုင်ငံမှ ဒုက္ခသည် ၂၀၀၀၀၀ ကျော်ဟာ မလေးရှားနိုင်ငံသို့ ထွက်ပြေးလာခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောကြားခဲ့ပြီး မြန်မာ့အရေးကို ဖြေရှားရာမှာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကို ဖျောင်းဖျနိုင်မယ့် နည်းလမ်းသစ်တွေရှာဖွေဖို့ အရေးတကြီး တောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည်အရေအတွက်ဟာ လက်ရှိမှာ ၂၀၀၀၀၀ ကျော်လာပြီဖြစ် တာကြောင့် မလေးရှားနိုင်ငံကို အကျိုးသက်ရောက်စေတဲ့ မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကျွန် တော် အလွန်ပဲ စိုးရိမ်မိပါတယ် လို့ အန်ဝါအီဘရာဟင်က ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာနိုင်ငံ တစ်ဝန်း ထောင်နဲ့ချီတဲ့ အရပ်သားတွေကို သတ်ဖြတ်ကာ ပြည်သူတစ်သန်းကျော်ကို အိုးအိမ်စွန့်ခွာစေခဲ့ပါတယ်။

၂၀၁၇ ခုနှစ်ကလည်း ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ပါတယ်။

အာဆီယံအဖွဲ့ရဲ့ ငြိမ်းချမ်းရေးအစီအစဉ်အရ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး၊ သက်ဆိုင်ရာ အဖွဲ့အ စည်းတွေကြား တွေ့ဆုံဆွေးနွေးနိုင်ဖို့ အာဆီယံ အထူးကိုယ်စားလှယ် လာရောက်ရေးနဲ့ လူသားချင်းစာနာမှု အကူ အညီ ပေးအပ်နိုင်ရေးတို့ ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အစောပိုင်းမှာ အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ၅ ရပ်ကို သဘောတူခဲ့ပေ မယ့် အကောင်အထည်ဖော်ဆောင်ဖို့ ပျက်ကွက်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေကလည်း မြန်မာဗိုလ်ချုပ်ကြီးတွေ၊ ခရိုနီတွေကို နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ်အရေး ယူမှုတွေ အပါအဝင် ပြင်းထန်သော အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေကလည်း လူထုဆန္ဒပြပွဲတွေ ဖြစ်ပေါ်စေခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ ဗိုလ်ချုပ်ကြီးတွေကို ဒေသတွင်း ထိပ်သီးဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

ကိုးကား – Fox News
Ref; Malaysia’s prime minister claims over 200,000 refugees have fled to his country from Burma

#Ayeyarwaddy_Times