ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသားများကို ရုံးထုတ်ပြီးပြန်လာစဉ် နေပြည်တော် တပ်ကုန်းအရောက်တွင် အချုပ်ကားပေါ်မှ ဆင်းပြေးကာ ရဲများထံမှလက်နက်လုယူ၍ ပစ်ခတ်ထွက်ပြေးလွတ်မြောက်သွားကြောင်း အကျဉ်းဦးစီးနှင့် နီးစပ်သူထံမှ သိရှိရသည်။
ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၄ နာရီ၀န်းကျင် အချိန်ခန့်တွင် ရမည်းသင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအပါအ၀င် အကျဉ်းသားနှင့် အချုပ်သား ၁၀ ဦးကို နေပြည်တော်ရှိ မြို့နယ်တရားရုံးအသီးသီး၌ ရုံးထုတ်စစ်ဆေးပြီး ပြန်လာစဉ် တပ်ကုန်းမြို့နယ် အရောက်တွင် အချုပ်ကားလုံခြုံရေးရဲတပ်ဖွဲ့၀င်များထံမှ လက်နက်များလုယူကာ ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရှိရသည်။
“အကျဉ်းထောင်က အကျဉ်းသားနဲ့ အချုပ်သားတွေ ကို ရုံးထုတ်ပြီးပြန်လာကြတာ။ တပ်ကုန်းမြို့ကကင်း သားလမ်းခွဲရောက်တော့ အကျဉ်းသားထဲက ပါဆယ်ယူဖို့ရှိတယ် ဆိုပြီး အချုပ်ကားကို ရပ်ခိုင်းတယ်။ ရပ်ပေးချိန်မှာ ရဲတွေလက်ထဲက သေနတ်ကိုလုပြီးတော့ ပစ်ခတ်ထွက် ပြေးသွားတယ်။ အားလုံး ၁၀ ယောက်လွတ်သွားတယ်။ ဒုရဲအုပ်က ခေါင်းကွဲတယ်။ တပ် သားတစ်ယောက် ပစ်ခံရပြီးသေတယ်။ နောက်တစ် ယောက်က ကျည်ထိပေမယ့် မသေဘူး”ဟု အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကို ပြော သည်။
ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများ ထဲတွင် နိုင်ငံရေးအကျဉ်းသားများပါ၀င်ပြီး ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံထားရသည့် သူများလည်းပါ၀င်ကြောင်း သိရှိရသည်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်သွားသူများကို စစ်တပ်နှင့် ရဲများမှ အနီးနားရှိ ကျေးရွာများနှင့် မြို့ နယ်များကို ပိတ်ဆို့စစ်ဆေး ရှာဖွေလျက်ရှိပြီး ယခုချိန်ထိ ပြန်လည်ရှာဖွေမတွေ့ရှိသေးပေ။
#ရမည်းသင်း #အချုပ်သား #ရုံးထုတ်အပြန် #သေနတ်လုပြေး #Ayeyarwaddy_Times