ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်
ထောင်နဲ့ချီတဲ့ အရပ်သားတွေ သေဆုံးပြီး သန်းနဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာစေတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပေမယ့် မြန်မာစစ်တပ်ဟာ အာရှနဲ့ဉရောပတိုက်မှ ကုမ္ပဏီတွေ အပါအဝင် ပြည်ပ ကုမ္ပဏီတွေဆီကနေ လေယာဉ်ဆီတွေ ဆက်လက်ရရှိနေတယ်လို့ အစီရင်ခံစာသစ်တစ်ခုက ဆိုပါတယ်။
အရပ်ဘက်သုံး လေယာဉ်ဆီတွေက မြန်မာစစ်တပ်ထံ ရောက်ရှိသွားခဲ့တယ်ဆိုတဲ့ ပြီးခဲ့တဲ့နှစ်အတွင်း သ တင်းတွေထွက်ပေါ်ပြီးနောက် လေယာဉ်ဆီ လွှဲပြောင်းပေးတာမှာပါဝင်တဲ့ ကုမ္ပဏီတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ Amnesty International၊ Global Witness နဲ့ Burma Campaign UK တို့က ပြောပါတယ်။
“တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေတဲ့ မြန်မာစစ်တပ်ထံ ရောက်ရှိ သွားတဲ့ လေယာဉ်ဆီတင်ပို့မှုတွေကို ခြေရာခံနိုင်ခဲ့ပါတယ်” လို့ Amnesty International မှ စီးပွားရေးနဲ့ လူ့အခွင့် အရေးဆိုင်ရာ သုတေသီ မွန်ဆီဖာရာက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
“၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်က မြေပြင်နဲ့ ဝေဟင်ကနေ အရပ်သားတွေအပေါ် ရက်စက်စွာ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာစစ်တပ်ထံ ရောက်ရှိစေတဲ့ လေယာဉ်ဆီထောက်ပံ့တာ ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာကို အထောက်အပံ့ဖြစ်စေပါတယ်။ မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်ပို့တာ ကို ရပ်တန့်ရမှာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
“ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ထံ လေယာဉ်ဆီမရောက်ရှိရေး ဥပဒေပြဌာန်း ဖို့ ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုပါတယ်” လို့ Global Witness မှ အကြီးတန်း စုံစမ်းစစ်ဆေးမှူး ဟန်နာဟင်စထ ရောင်းက ပြောပါတယ်။
မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်ပို့နေတဲ့ ပြည်ပကုမ္ပဏီတွေထဲမှာ အိန္ဒိယ၊ ဂရိနဲ့ ဂျပန်ကုမ္ပဏီတွေ ပါ ဝင်တယ်လို့ သိရပါတယ်။
မြန်မာစစ်တပ်ထံ လေယာဉ်ဆီတင်ပို့တာ ရပ်ဆိုင်းဖို့၊ မြန်မာနိုင်ငံသို့ လေယာဉ်ဆီတင်ပို့ရာမှာ ပါဝင်တဲ့ အာမခံမှုမှသည် သင်္ဘောတွေအထိ တတိယအဖွဲ့အစည်းကို အသုံးပြုတာ မပြုလုပ်ဖို့ Amnesty International နဲ့ Global Witness က ကမ္ဘာ့နိုင်ငံတွေကို တောင်းဆိုလိုက်ပါတယ်။
ကိုးကား – Aljazeera
Ref; Myanmar military gets new aviation fuel supplies despite abuses