ဧရာ၀တီတိုင်းမ်
မတ်လ ၁ ရက်
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ငွေတောင်စားသောက်ဆိုင်ကို လုံခြုံရေးချကာ ဖွင့်လှစ်ထားသော်လည်း လာရောက်စားသောက်သူမရှိသဖြင့် ပြန်လည်ပိတ်ထားရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်နေ့က တောင်ဥက္ကလာပမြို့နယ်၊ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်တွင် ငွေတောင် စားသောက်ဆိုင်မှ ၀န်ထမ်းများက ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့၀င် တစ်ဦးကို ဝိုင်း၀န်းရိုက်နှက် ဖမ်းဆီး၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။
“အဲဒီဆိုင်ကို အခုလိုမဖြစ်ခင် ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ချိန်ကတည်းက ဖမ်းဆီးခိုင်းခဲ့ တာတွေ၊ စစ်သား(စစ်ကောင်စီတပ်သား)တွေကို ဧည့်ခံနေတာတွေကြောင့် အားမပေး တော့တာကြာပြီ။ ခုလိုလုပ်ရပ်ကြောင့် ပိုဆိုးတယ်။ အဲ့ဒီလို ဖြစ်ပြီးမကြာဘူး။ ဆိုင်ကို စစ် သားတွေ၊ ရဲတွေနဲ့ အလှည့်ကျကင်းစောင့်ခိုင်းပြီး ပြန်ဖွင့်သေးတယ်။ ခုတော့ ကင်းချစ စောင့်ခိုင်းထားတဲ့ အစောင့်တွေပဲရှိတယ်။ ဆိုင်ကပိတ်ထားတယ်။ လာ၀ယ်စားတဲ့ သူတွေလည်းမရှိတော့ဘူး” ဟု အနီး၀န်းကျင်တွင် နေထိုင်သူအမျိုးသားတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ငွေတောင် စားသောက်ဆိုင်မှ ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် သေဆုံးသူရဲဘော်သည် ရန်ကုန်မြို့ပြပြောက်ကျားတပ် ဖွဲ့တစ်ခုဖြစ်သည့် Freelance Attack Force (FLA) အဖွဲ့၀င် ရဲဘော်ချောကလက်(သာဒင်)ဖြစ်ကြောင်း ဇန်နဝါရီ ၂၃ ရက်နေ့တွင် အဖွဲ့မှ အတည်ပြုထုတ်ပြန် ခဲ့သည်။
အဆိုပါရပ်ကွက်ရုံးကို ဗုံးပစ်တိုက်ခိုက်မှုတွင် ငွေတောင်စားသောက်ဆိုင်၀န်ထမ်းများမှ လိုက်လံဖမ်း ဆီးမှုကြောင့် တစ်ဦးကိုသာဖမ်းဆီးရမိခဲ့ပြီး တစ်ဦးမှာ လွတ်မြောက် သွားကြောင်းနှင့် ကျဆုံးရဲဘော်အတွက် ပြန်လည်လက်တုံ့ပြန် တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။
ထို့ကြောင့် စစ်ကောင်စီသည် ငွေတောင်စားသောက်ဆိုင် ပိုင်ရှင်နှင့် ၀န်ထမ်းများကို နေရာ ပြောင်းရွှေ့စေပြီး ၎င်းတို့ပတ်၀န်းကျင်တွင် လုံခြုံရေးယူ စောင့်ကြပ် ပေးနေဆဲဖြစ်သည်။
#ရန်ကုန်တိုင်း #တောင်ဥက္ကလာပမြို့ နယ် #ငွေတောင်စားသောက်ဆိုင် #စစ်ကောင်စီ #လုံခြုံရေး #စားသောက်သူမရှိ #ပိတ်ထား #Ayeyarwaddy_Times