ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအခြေစိုက်ဖြစ်သည့် ကျားသစ်နက်တပ်မတော် B.L.P.A မှ ရှေ့တန်းရောက်တိုက်ပွဲဝင် ရဲဘော်များအတွက် ကျည်ဆံများ လစဥ်ရရှိရေးအတွက် ၄ လုံးထီကို လာမည့် မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည်​​ဖြစ်ကြောင်း သိရသည်။

အဆိုပါ “အနာဂတ်လမ်း” အမည်ရှိ ၄ လုံးထီဟာ မြန်မာအက္ခရာ (က) မှ (င)အထိ သတ်မှတ်ထားပြီး နောက်ဘက်တွင် ဂဏန်း ၃ လုံးပေါင်းထည့်ကာ လေးလုံးထီဖြစ်ကြောင်း သိရှိရသည်။

ထီအစောင်ရေ ၅၀၀၀ အထိ ရောင်းချမှာဖြစ်ပြီး တစ်စောင်လျှင် မြန်မာငွေ ၃၀၀၀ ကျပ်ကျသင့်ပြီး တော်လှန်ရေး စိတ်ပါဝင်စားသူ ပြည်သူတိုင်း အားပေးနိုင်အောင် စီမံဆောင်ရွက်ထားကြောင်း ကျားသစ်နက်တပ်မတော် တပ်ဖွဲ့ဝင်များကပြောသည်။

၎င်း “အနာဂတ်လမ်း” ထီဆုမဲများမှာ သိန်း ၃၀ ၁ဆု၊၁၀ သိန်း ၁ဆု၊ ၅ သိန်း ၂ဆု၊ ၃ သိန်း ၃ဆု၊ ၁ သိန်းကျပ် ၁၁ဆုဖြစ်ပြီး ဆုမဲစုစုပေါင်း ၁၈ဆု ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေအတွက် ကျည်ဆံတွေ လစဥ်ဖြည့်တင်းနိုင်ဖို့ အဓိကရည်ရွယ်ပြီးလုပ်တာပါ။ တိုက်ပွဲတွေကလည်း အမြဲတမ်းရှိနေတော့ ကျည်ဆံက မဖြစ်မနေအရမ်းလိုအပ်နေတာပါ။ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ ကျွန်တော်တို့ စစ်ကိုင်းရော မကွေးရော တိုက်ပွဲတွေဖော်ဆောင်နေတော့ လက်နက်ခဲယမ်းကျည်ဆံ အသုံးစရိတ်က အတော်လေးကုန်နေပြီ” လို့ ကျားသစ်နက်တပ်မတော် B.L.P.A ခေါင်းဆောင် ဗိုလ်ဥက္ကာက ဧရာဝတီတိုင်းမ်က်ိုပြောသည်။

မြေပြင်သာမက အွန်လိုင်းမှာပါ ရောင်းချမှာဖြစ်ပြီး “အနာဂတ်လမ်း” အမည်ရှိ ထီဆုမဲ ၁၈ ဆုကို ဧပြီလ ၁ ရက်နေ့မှာ ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း ကျားသစ်နက်တပ်မတော် B.L.P.A တပ်ဖွဲ့ဝင်များကဆက်လက်ပြောသည်။

ဒါ့ပြင် ကျားသစ်နက်တပ်မတော် B.L.P.A သည် စစ်တပ်က အာဏာသိိမ်းချိန်ကစပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီနှင့် တိုက်ပွဲများတွင် အဓိကပါဝင် တိုက်ပွဲဝင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဒေသခံများကပြောသည်။

#ကျားသစ်နက်တပ်မတော်B.L.P.A
#လစဥ်တိုင်းကျည်ဆံရရှိရေးအတွက် #၄လုံးထီရောင်းချ
#Ayeyarwaddy_Times