ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေက
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညဦးပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတ်ိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်တွေဟာ ညောင်ခြေထောက်ကျေးရွာအနီးမှာ ဒေသကာကွယ် ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေဘက်က အထိနာကာ ညဦးပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

“မနေ့က တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာတယ်လို့ သိရပါတယ်။ ဘယ်လောက်သေတယ်ဆိုတာတော့ အတိအကျမသိရသေးပါဘူး။ သူတို့ အထိနာလာပြီဆိုရင် တိုက်ပွဲအနားကရွာတွေကို ညပ်ိုင်းဘက် ဗုံးကြဲတိုက်ခိုက်တော့တာပါပဲ။ ခုလဲ ပြည်သူတွေပြေးနေကြရတယ်။ တိုက်ပွဲက ထပ်ဖြစ်လာနိုင်ဖို့ အခြေအနေလဲရှိနေတယ်” လို့ ကသာမြို့နယ် ဒေသခံအမျိုးသမီးတစ်ဦးက ဧရာဝတ်ီိတိုင်းမ်ကိုပြောပါတယ်။

ဒါ့ပြင် လက်ရှိအချိန်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေရပ်တန့်နေသော်လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်ဖွယ်ရှိလို့ ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ဆက်လက်ပြောပါတယ်။