ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်
မြန်မာစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရထံမှ အာဏာသိမ်းယူကာ တိုင်းပြည်ရဲ့ ဆယ်စု နှစ်ချီ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အကြမ်းဖက် နှောင့်ယှက်ခဲ့တာ နှစ်နှစ်ရှိလာခဲ့ပြီဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်ကောင်စီက တိုင်းပြည်ကို နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာ မှုဆိုင်ရာ ကပ်ရောဂါအတွင်း သက်ဆင်းစေခဲ့သလို မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်း ဖက်မှုတွေ ဆက်လက် ဆင်နွှဲနေပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၃၀၀၀ ကျော် သတ်ဖြတ်ခံရကာ ၁၇၀၀၀ နီးပါး ထိန်းသိမ်းခံခဲ့ရပြီး ပြည်သူ ၁ ဒသမ ၅ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁ ရက်မှာ နောက်ထပ်ခြောက်လ အရေးပေါ်အခြေအနေ သက်တမ်းတိုးမယ်လို့ ကြေညာခဲ့ရာ အာဏာချုပ်ကိုင်ဖို့ ကြိုးပမ်းမှုသာဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအလားအလာကို ကြန့်ကြာအောင်လုပ်ဆောင်လုပ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ်က စစ်ကောင်စီရဲ့ အရေးပေါ်အ ခြေအနေ ခြောက်လသက်တမ်းတိုးတာကို ရှုတ်ချခဲ့ပြီး တရားမဝင်အုပ်ချုပ်မှုကို တာရှည်စေကာ တိုင်းပြည်ကို ပိုဒုက္ခရောက်စေတယ်လို့ ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ကိုယ်စားပြုမှာ မဟုတ်ဖူးလို့ သူကဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီက နိုင်ငံရေးယှဉ်ပြိုင်ဘက်တွေ အားလုံးနီးပါးကို အကျဉ်းချ သို့မဟုတ် ခြိမ်း ခြောက်တာကြောင့် စစ်ကောင်စီကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှာမဟုတ်ဖူးလို့ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒါးရက်ချိုလတ်က သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ ပါတယ်။
အာဏာသိမ်းစစ်ကောင်စီအပေါ် နိုင်ငံရေးနဲ့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက်ပြုလုပ်ဖို့ မဟာမိတ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ကာ အမေရိကန်နိုင်ငံက စစ်ကောင်စီကို နိုင်ငံတကာရဲ့ တရားဝင်မှုမရရှိစေ ရေး လုပ်ဆောင်မယ်လို့ သူက ဆိုပါတယ်။
မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ခေါင်းဆောင်ပိုင်းတွေ၊ လက်နက်ပွဲစားတွေ၊ အာဏာသိမ်း ခေါင်းဆောင်တွေနဲ့ ခရိုနီတွေ အပါအဝင် မြန်မာနိုင်ငံသားခြောက်ဉီးနဲ့ စီးပွားရေးလုပ်ငန်းသုံးခုကို ဒဏ်ခတ်အရေး ယူကြောင်း အမေရိကန်နိုင်ငံက ဇန်နဝါရီလ ၃၁ ရက်မှာ ကြေညာခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူခံရသူတွေထဲမှာ အာဏာသိမ်းစစ်ကောင်စီအတွက် အတုအယောင် ရွေးကောက်ပွဲ ပြုလုပ်ပေးဖို့စီစဉ်နေတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) လည်း ပါဝင်ပါတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေမှုနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ မျှော်မှန်း ချက်ကို အားပေးဖို့ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံသား လူပုဂ္ဂိုလ် ၈၀ နဲ့ စီးပွားရေးလုပ်ငန်း ၃၂ ခုကို ဒဏ်ခတ်အ ရေးယူပြီးပြီလို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အမေရိကန်နိုင်ငံက မြန်မာပြည်သူတွေကို အရေးပါတဲ့ လူသားချင်းစာနာမှုအကူအညီ ဆက်လက် ထောက်ပံမှာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အားတက်သရော ပံ့ပိုးကူညီမယ်လို့ သူက ဆိုပါတယ်။
ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး၊ တရားမျှတမှုရရှိရေးနဲ့ လူ့အခွင့်အရေးကို လေးစားသမှုရှိဖို့ ရဲရင့်စွာ မျှော်မှန်းခဲ့ကြတဲ့ မြန်မာပြည်သူတွေအတွက် အမေရိကန်နိုင်ငံက ဆက်လက်ပံ့ပိုးမယ်လို့ ဒါးရက်ချိုလတ်က ပြောပါတယ်။
VOA မှာဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော် The U.S. Stands With the People of Burma ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။