ဧရာဝတီတိုင်းမ်
မတ်လ ၁ ရက်

မနေ့ညပိုင်းက ဂရိနိုင်ငံမှာ ရထားနှစ်စင်း မျက်နှာချင်းဆိုင်တိုက်မိလို့ လူ ၂၆ ဦး သေဆုံးပြီး ၇၅ ဦး ဒဏ် ရာရရှိကာ ရထားချင်းတိုက်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရဘူးလို့ မီးသတ်ဌာနက ပြောပါတယ်။

အေသင်မြို့တော်မှ မြောက်ပိုင်းရှိ သီဆာလိုနီကီမြို့သို့ မောင်းနှင်နေတဲ့ ခရီးသည်တင်ရထားတစ်စင်းနဲ့ သီဆာလိုနီကီမြို့မှ လာရစ်ဆာမြို့သို့ မောင်းနှင်နေတဲ့ ကုန်တင်ရထားတစ်စင်းတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာ လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

“ရထားချင်းတိုက်မိတာ အလွန် ပြင်းထန်တာကြောင့် ခရီးသည်တင်ရထားမှ တွဲလေးတွဲ လမ်းချော်ခဲ့ကာ တွဲနှစ်တွဲ လုံးဝ ပျက်စီးသွားခဲ့တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အေဂိုရက်စတော့က ပြောပါတယ်။

ခရီးသည် ၂၅၀ ကို ဘတ်စ်ကားတွေနဲ့ သီဆာလိုနီကီမြို့သို့ ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သူက ဆိုပါတယ်။ “ရထားတွဲတွေထဲမှာ လူတွေ အုတ်အော်သောင်နင်းဖြစ်ခဲ့ပြီး အော်ဟစ်နေကြပါတယ်” လို့ လူငယ်တစ်ဉီးက ပြော ပါတယ်။

“ရထားချင်းတိုက်မိတာ မြေငလျင်တစ်ခု လှုပ်တာလိုပဲဗျာ” လို့ နောက်ထပ်ခရီးသည်တစ်ဉီးက ပြောပါ တယ်။ ဒီနေ့မနက်ပိုင်းမှာ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်သူတွေကို ရှာဖွေနေဆဲဖြစ်ပါတယ်။

“ရထားနှစ်စင်းတိုက်မိတာ အလွန်ပြင်းထန်တာကြောင့် ခရီးသည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းရာမှာ အလွန်ကို ခက်ခဲတဲ့အခြေအနေပါ” လို့ ရုပ်သံမိန့်ခွန်းတစ်ခုအတွင်း မီးသတ်ဌာန ပြောရေးဆိုခွင့်ရှိသူ ဗက်ဆီလစ် က ပြောပါတယ်။

အခင်းဖြစ်ပွားချိန် ရထားနှစ်စင်းပေါ်မှာ လူ ၃၅၀ ခန့် တင်ဆောင်လာတယ်လို့ ဂရိဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ကိုးကား – Reuters
Ref; At least 26 dead, scores injured after trains collide in Greece

#Ayeyarwaddy_Times