ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၈ ရက်
မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းမှာ ဗြိတိန်ကုမ္ပဏီတွေ ပါဝင်နေတယ်ဆိုတဲ့ အထောက်အ ထားတွေ ပိုတွေ့လာတာကြောင့် စစ်တပ်ထိန်းချုပ် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေး ယူဖို့ Burma Campaign UK က ဗြိတိန်အစိုးရကို တောင်းဆိုနေပါတယ်။
မြန်မာစစ်တပ်ကို တစ်နှစ်လျင် ဒေါ်လာ ၂ ဘီလီယံကျော် ဝင်ငွေရစေတဲ့ မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့ထုတ် လုပ်ရေးမှာ ဗြိတိန်ကုမ္ပဏီတွေ ပါဝင်တာကို ဗြိတိန်အစိုးရက အရေးယူကာ မြန်မာစစ်တပ်ထံ ဓာတ်ငွေ့ရောင်းငွေ တွေ မရောက်ရှိရေး မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်ရမယ်လို့ Burma Campaign UK က ပြောပါတယ်။
“မြန်မာစစ်တပ်ကို ဒေါ်လာဘီလီယံချီ ရရှိစေတဲ့ မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းမှာ ဗြိတိန် ကုမ္ပဏီတွေ ပါဝင်နေပါတယ်” လို့ Burma Campaign UK ရဲ့ ညွှန်ကြားရေးမှူး မတ်ခ်ဖာမန်နာက ပြောပါတယ်။
ဓာတ်ငွေ့ရောင်းချတဲ့ငွေနဲ့ မြန်မာစစ်တပ်က အရပ်သားတွေတိုက်ခိုက်ရာမှာ အသုံးပြုတဲ့ ဂျက်တိုက်လေ ယာဉ်တွေ အပါအဝင် စစ်လက်နက်တွေဝယ်ယူရာမှာ အသုံးပြုနိုင်ပါတယ်လို့ သူက ဆိုပါတယ်။
ဗြိတိန်အစိုးရမှာ မြန်မာစစ်တပ်ရဲ့ ဝင်ငွေရေပေါက်တွေနဲ့ စစ်လက်နက်တွေကို ဖော်ထုတ်ကာ ဒဏ်ခတ်အ ရေးယူရမယ့် မူဝါဒတစ်ရပ်ရှိပေမယ့် အကောင်အထည်ဖော်ဆောင်တာ နှေးလွန်းတယ်လို့ Burma Campaign UK က ပြောပါတယ်။
မြန်မာစစ်တပ်အတွက် ဝင်ငွေရပေါက်နဲ့ စစ်လက်နက်ပွဲစားတွေကို ဒဏ်ခတ်အရေးယူမှု ဖော်ဆောင်ဖို့ Burma Campaign UK က ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလီဘာလေကို တောင်းဆိုလိုက်ပါတယ်။
MOGE ရဲ့ နိုင်ငံတကာဘဏ်စာရင်းတွေကို ဒဏ်ခတ်အရေးယူတာမျိုး မြန်မာစစ်တပ်ထံ ဓာတ်ငွေ့ရောင်း ချမှုမှရရှိတဲ့ဝင်ငွေ မရောက်ရှိအောင် ပိတ်ပင်မယ့်နည်းလမ်းတွေ ဗြိတိန်အစိုးရက ရှာဖွေသင့်တယ်လို့ Burma Campaign UK က ပြောပါတယ်။
ကိုးကား – Burma Campaign UK
Ref; UK Must Sanction Myanmar Oil and Gas Enterprise (MOGE)