ဧရာဝတီတိုင်းမ်
ဇူလိူင် ၉ ရက်

မကွေးတိုင်း၊မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းစခန်းမှ ရဲတပ်သားနှစ်ဦးသည် ယမန်နေ့ ဇူလိုင် ၈ ရက်နေ့ကလက်နက်ခဲယမ်းများနဲ့အတူ လာရောက် CDM ပြုလုပ်ခဲ့တယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

အဆ်ိုပါ ရဲတပ်သားနှစ်ဦးသည် BA 94 သေနတ် ဒေသအခေါ် အူဇီသေနတ် နှစ်လက်၊ ကျည်အတောင့် ၉၀ တို့ကိုယူဆောင်လာပြီး မြိုင်PDFထံ လာရောက်ပူးပေါင်းခဲ့တာလို့ မြိုင် PDF က ထုတ်ပြန်ထားပါတယ်။

ထို့ပြင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲတပ်သားနှစ်ဦးကို ငွေကျပ် သိန်း ၅၀ စီထောက်ပံ့ပေးပြီး အဆိုပါ ရဲတပ်သားနှစ်ဦးမှ ၎င်းတို့ထောက်ပံ့ပေးသည့် ကျပ်ငွေများအနက် ၁၀ သိန်းကို မြိုင် PDF ပြန်လှူခဲ့တယ်လို့ မြိုင်ပကဖ က ရေးသားဖော်ပြထားပါတယ်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် -မြိုင်မြို့နယ်