
ဓာတ်ပုံ-ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၉ ရက်
စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်အတွင်း ကျေးရွာတစ်ရွာမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက အတန်းတင်စာမေးပွဲကို ဒီကနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အဆိုပါ အတန်းတင်စာမေးပွဲတွင် မူလတန်းအထက်အဆင့်ကနေ အထက်တန်းအထိ စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြတာဖြစ်ပြီး ကျောင်းသားပေါင်း ၆၀၀ ခန့် အထိ စာမေးပွဲ ဖြေဆိုမှုကို ပြုလုပ်ခဲ့သည်ဟု ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။
ထို့ပြင် စေတနာဝန်ထမ်း ဆရာအင်အား ၅၅ ယောက်ဝန်းကျင်က သင်ကြားပေးနေပြီး ထပ်မံ CDM ဝန်ထမ်း ၁၈ ဦးက ဦးဆောင်ပြီး ပညာသင်ကြား ပေးနေတယ်လို့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီထံက သိရသည်။