ဧရာဝတီတ်ိုင်းမ်
ဖေဖော်ဝါရီလ ၂၇ ရက်

ဧရာ၀တီတိုင်း၊ ဟင်္သာတမြို့နယ် ၊ နိဗ္ဗာန်တိုက်နယ်မှာဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ဆိုင်ကယ်နဲ့ ကင်းလှည့်နေချိန်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီ ကင်းလှည့်နေတဲ့ စစ်ကောင်စီလက်အောက်ခံ နိဗ္ဗာန်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက်ပိုင်း ဒေသခံ ၂၀ နီးပါးကို စစ်ကောင်စီတပ်တွေက စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကဆက်လက်ပြောပါတယ်။

“၂၄ ရက်နေ့ညက ကြာအင်းရွာကို စစ်ကြောင်း၀င်လာပြီး အမျိုးသား ၆ ဦးကို အိမ်တွေမှာလိုက်ဖမ်းသွားတာ၊ ခုထိအဆက်သွယ်မရဘူး တစ်ခြားရွာတွေမှာလဲဖမ်းထားတာ ၁၅ဦးလောက်ရှိတယ်။ တစ်ချို့လဲပြန်လွတ်လာတယ်လို့ကြားတယ်၊ ရမ်းပြီးစွတ်ဖမ်းနေတာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို
ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ဟင်္သာတ ၊နိဗ္ဗာန် ၊ နတ်မော်၊ ကြာ အင်း ၊ တလုတ်ထော် ဒေသခံ တွေကို ခုရက်ပိုင်းအတွင်းဆက်တိုက်ဖမ်းဆီး နှိပ်စက်စစ်ဆေးနေတယ်လို့ သတင်းတွေ
ထွက်ပေါ်နေပြီး ဒေသခံအချို့ အဆက်သွယ်မရတာကြောင့် အသက်အန္တရာယ်ကို စိုးရိမ်နေရတယ်လို့ ဖမ်းဆီးခံရသူမိသားစုနဲ့နီးစပ်တဲ့အသိုင်းအ၀န်းက ပြောဆိုပါတယ်။

ဒါ့ပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းကလဲ ကြာအင်းကျေးရွာကိုစစ်ကောင်စီတပ်များရောက်ရှိလာပြီး ကျေးရွာသား ၁၃ ဦးကို PDF သင်တန်းဆင်းသူများဆိုပြီး စွပ်စွဲ​ဖမ်းဆီးသွားကာ ယနေ့ချိန်အထိ ဟင်္သာတ အကျဥ်းထောင်မှာ ဖမ်းဆီးထားဆဲလို့ ဒေသခံတွေကဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ည၉ နာရီက နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ဟင်္သာတမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနိဗ္ဗာန်နယ်မြေရဲစခန်းကစစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၅ ဦး ဆိုင်ကယ် ၃ စီးဖြင့် ကင်းလှည့်လာစဉ် နိဗ္ဗာန် နယ် နှင့်အလယ် စုရွာအကြားမှာ မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး ရဲ နှစ်ဦး ဒဏ်ရရာရရှိခဲ့ပြီးနောက်ပိုင်း ဒေသခံတွေကို စစ်ကောင်စီကဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်နေတာဖြစ်ပါတယ်။

ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။
#ဟင်္သာတမှာ #ရဲတပ်ဖွဲ့ဝင်တွေကင်းလှည့်နေချိန်
#မိုင်းခွဲတိုက်ခိုက်ခံရ #ဒေသခံ၂၀နီးပါးဖမ်းဆီးခံရ
#Ayeyarwaddy_Times