ဧရာဝတီတိုင်းမ်
( ဟားခါး)၊ ဖေဖော်ဝါရီ ၂၇ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အခြေစိုက်ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦးသည် လက်နက် အပြည့်အစုံဖြင့် CDF-Hakha တပ်ဖွဲ့ထံ အလင်းဝင်လာကြောင်း ယမန်နေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် CDF-Hakha က ထုတ်ပြန်သည်။

အဆိုပါ ရဲတပ်ကြပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က G-3 သေနတ်တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆံများနှင့်အတူ အလင်းဝင်လာခြင်းဖြစ်ပြီး CDF-Hakha တပ်ဖွဲ့ကသိန်း ၃၀ ဆုချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလအတွင်း CDF – Hakah ထံသို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၄၀ ဦး ဝန်းကျင် ရှိပြီဖြစ်ကြောင်း သိရသည်။

#ချင်းပြည်နယ် #ဟားခါးမြို့ #ရဲတပ်ကြပ် #လက်နက် #အလင်းဝင် #CDF-Hakha #Ayeyarwaddy_Times