ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီ ၂၇ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ခြေလျင်ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ပျူ‌စောထီးပူးပေါင်းအဖွဲ့ကို ဒေသကာကွယ်ရေးအဖွဲ့များက မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီပူးပေါင်း အဖွဲ့မှ ၁ဦး သေဆုံးပြီး၂ဦးဒဏ်ရာပြင်းထန်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့ အနောက်ဘက်သို့ ခြေလျင်ထွက်လာသည့် စစ်ကောင်စီတပ်၄ဦးနှင့်ပျူစောထီး၁ဦးတို့ကို တစ်ဖာလုံခန့် အကွာမှနေ၍ ကာကွယ်ရေးအဖွဲ့မှ မိုင်းနှစ်လုံးဖြစ် တိုက်ခိုက်ခဲ့ကြောင်း မြိုင်(ပကဖ) ထံက သိရသည်။

“သူတို့၅ဦးကို ကျွန်တော်တို့အဖွဲ့က စောင့်ပြီး မိုင်းနဲ့တိုက်ခိုက်တာ သုံး ယောက်လဲကျပြီး နှစ် ယောက်က ထွက်ပြေးသွားတယ်။ မိနစ်၂၀ လောက်ကြာတဲ့အချိန် စစ်ကောင်စီတပ်က ကားနဲ့လာခေါ်သွားတယ်။ နှစ် ယောက်ကိုတော့ မြိုင် အထက (၂) ထဲမှာ ဆေးကုနေတယ် လို့ကြားပြီး တစ် ယောက်တော့ သေတယ်လို့သိရတယ်ဗျ။ ကျွန်တော်တို့အဖွဲ့က တိုက်ခိုက်ပြီးတဲ့အခါမှာ သူတို့ဘက်က ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် အထိခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု မြိုင်(ပကဖ) ခေါင်းဆောင် ဗိုလ်လက်ယာ ကဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ခွဲ(၄)မှ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

“အခုချိန်မှာ စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားတာမို့ ပြည်သူတွေအနေနဲ့ သူတို့(စစ်ကောင်စီတပ်) ပိတ်ထားတဲ့လမ်းတွေမသွားကြပါနဲ့။ ကျွန်တော်အဖွဲ့တွေ ဖောက်ထွက်နိုင်အောင် လုပ်မှာပါ” ဟု ဗိုလ်လက်ယာက ဆိုသည်