နွေဦးမောင်/ဧရာဝတီတိုင်းမ်
(ဆားလင်းကြီး)၊ ဖေဖော်ဝါရီလ ၂၆ ရက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုများအတွက် ယာယီဆေးရုံကို ဖေဖော်လအတွင်း ဖွင့်လှစ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောထဲဖြစ်သလိုနေနေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဒဏ်ရာရလာရင် ကုသပေးနိုင်ဖို့ ရည်ရွယ်ပြီး ဆရာဝန် ၃ ဦးနဲ့ ယာယီဆေးရုံပုံစံမျိုးဖွင့်လှစ်ခဲ့တာလို့ ဓားမဆိုင်းတပ်မတော်ရဲ့တာဝန်ရှိသူက ပြောပါတယ်။

” ဆရာဝန် ၃ ဦးရယ် နောက် CDM ကျန်းမာရေး ဝန်ထမ်းတွေ သူနာပြုတွေနဲ့ ဖွင့်ထားတာပါ။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း လွယ်ကူအောင် မွေးဖွားနိုင်ဖို့ စီစဥ်လိုက်တာပါ”လို့ ဓားမဆိုင်တပ်မတော်ရဲ့ခေါင်းဆောင်က ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဆေးရုံကို ၂၄ နာရီဖွင့်ထားပေးပြီး တိုက်ပွဲတွေပြင်းထန်လာတာနဲ့အမျှ ထိခိုက်မှုတွေပိုများပြား လာနိုင်တာကြောင့် တပ်တွေမှာရှိတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး ဆေးရုံတည်ဆောက်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆေးရုံအတွက် လိုအပ်တဲ့ ဆေးဝါးတွေနဲ့ ခွဲစိတ်ကုသမယ့် ပစ္စည်းတွေကို ရှာဝယ်ထားရပြီး လူနာအရေ အတွက် ၂၀၀ ကျော်စာအတွက် စီစဥ်ထားပြီဖြစ်တယ်လို့ သိရပါတယ်။

#ဆားလင်းကြီး #ဆေးရုံဖွင့်လှစ် #ဓားမဆိုင်းတပ်မတော် #Aeyarwaddy_Times