ဧရာဝတီတိုင်းမ်
ဖေဖော်ဝါရီလ ၂၆ ရက်
ဂျာမနီနိုင်ငံထုတ် ပထမအသုတ် Leopard 2 တင့်ကားတွေကို ယူကရိန်းသို့ လွှဲပြောင်းပေးအပ်လိုက်ပြီလို့ သိရပါတယ်။ ရုရှားကျူးကျော်စစ် တစ်နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ပိုလန်နိုင်ငံက ယူကရိန်း သို့ Leopard တင့်ကားလေးစီး ပေးပို့ခဲ့ပါတယ်။
ပိုလန်ဝန်ကြီးချုပ် မိုရာဝက်စကီက ကိယက်ဗ်ခရီးစဉ်အတွင်း ပထမအသုတ် Leopard တင့်ကားတွေ လွှဲ ပြောင်းပေးကြောင်း ကြေညာခဲ့ပါတယ်။
ယူကရိန်းဝန်ကြီးချုပ် ဒန်နီရှမီဟဲလ်က တင့်ကားတွေရှေ့မှာ မိုရာဝက်စကီနဲ့ လက်ဆွဲနှုတ်ဆက်နေတဲ့ ဓာတ်ပုံတစ်ပုံကို တွစ်တာလူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
“ယူကရိန်းနိုင်ငံ အောင်ပွဲရရှိစေတော့မယ့် အဆုံးအဖြတ်ပေးသော ခြေလှမ်းတွေ ပံ့ပိုးကူညီပေးတဲ့အတွက် ပိုလန်နိုင်ငံကို ကျေးဇူးတင်ပါတယ်။ တင့်ကားတွေ ထပ်မံပေးပို့မယ့်အချိန်ကို ကျွန်တော်တို့ စောင့်ဆိုင်းနေပါ တယ်” လို့ ဒန်နီရှမီဟဲလ်က ရေးသားခဲ့ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ကတိပြုထားတဲ့ Leopard တင့်ကား ၁၄ စီးအပြင် နောက်ထပ်လေးစီး ပေးပို့မယ်လို့ အဲဒီနေ့မှာ ဂျာမနီနိုင်ငံက ကြေညာခဲ့ပါတယ်။
ဂျာမနီနိုင်ငံက ယူကရိန်းသို့ တင့်ကား ၃၁ စီးစီပါဝင်တဲ့ တင့်ကားတပ်ရင်းနှစ်ရင်း ပေးပို့ဖို့စီစဉ်နေပြီး ဉ ရောပသမဂ္ဂတိုင်းပြည်တွေကို ယူကရိန်းသို့ စစ်လက်နက်ပံ့ပိုးရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုလိုက်ပါ တယ်။
ဆွီဒင်၊ ပေါ်တူဂီနိုင်ငံတွေနဲ့အတူ တင့်ကား ၃၁ စီး သို့မဟုတ် တပ်ရင်းတစ်စင်း စေလွှတ်နိုင်တယ်လို့ ဂျာမ နီနိုင်ငံက ပြောကြားပါတယ်။
ကိုးကား – NHK
Ref; First batch of Leopard 2 tanks handed over to Ukraine